ပထမဆုံးကျောင်းဝင်းကြီးထဲခြေချမိတော့ ခေတ် မျက်နှာမှာ ကျေနပ်ခြင်းတို့ကြောင့် ပြုံးနေပြီဆိုတာသေချာသလောက်ပင်။ သို့ပေမယ့် ခေတ်မျက်နှာက ပြုံးနေပေမယ့် အပြုံးဟုထင်ရသည့် ပုံစံမျိုး မျက်နှာပေါ်မလာခဲ့။ ခေတ်ပြုံးလားမပြုံးလားဆိုတာက ထင်းနေသည့် ပါးခြိုင့်လေးကိုကြည့်ခြင်းဖြင့်သိစေနိုင်သည်။
ကျောင်းဝင်းထဲ ဘယ်နေရာကြည့်ကြည့် အဖြူနဲ့အပြာလေးတွေတူညီစွာ ဝတ်ဆင်ထားတာမို့ ကျက်သရေရှိသော နံနက်ခင်းလေးနှင့်အပြိုင် ကျက်သရေအဖြာဖြာနှင့်လှပနေတော့၏။ GTC ပထမနှစ်ကို သူငယ်ချင်းအပေါင်းအသင်းများနှင့်ဝေးလားဝါးလားလုပ်ပြီး ပေါ့ပေါ့ပါးပါးဖြတ်ကျော်ခဲ့၏။ ရန်ဖြစ်စရာရှိရင်ဖြစ် ထိုးစရာရှိရင်ထိုးပစ်လိုက်ပြီး နောက်ဖြစ်တာနောက်မှ ရှင်း အရေးကြီးတာက လက်ဦးမှုရယူဖို့နဲ့ မခံရဖို့သာ။
ခေတ်ကတော့ ဆရာဆရာမတွေကြားမှာ လူဆိုးအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီး ကျောင်းသူတွေကြားမှာတော့ စိတ်ဝင်စားရာ မျက်စိကျစရာ လူငယ်လေးတစ်ဦးအဖြစ် သဲသဲလှုပ်ခြင်းကိုခံထားရသူ။
ခေတ်ကတော့ ဘယ်သူတွေ ဘာထင်ထင်ဂရုမစိုက်။ စိတ်ထဲဖြစ်လာတာကို လိုက်လုပ်ပြီး အပိုးမကျိုးဘူးဟု စိတ်ထဲထင်မှတ်ရင်တော့ ဆော်ပလော် တီးပစ်လိုက်တာလဲရှိသည်။ ထိုကိစ္စကြောင့် ပါမောက္ခရုံးခန်းသို့ ခဏခဏရောက်ရတာလည်းရှိခဲ့သည်။" ဟာ... ခေတ်... နောက်ကျလှချည်လားကွ... စောင့်လိုက်ရတာ...."
" အင်း... မင်းတို့လို ကိုယ်ပိုင်ကားနဲ့လာတာမှမဟုတ်တာ လိုင်းကားတိုးစီးပြီးလာရတာလေ... "
" အော်.... မောင်မင်းကြီးသားက လာခေါ်ပါမယ်ပြောတော့ရော ဘယ်မှာနေပါတယ်ဆိုတာတောင် ပြောပြလို့လား...."
" လိုလို့လား... မင်းတို့က ငါနဲ့ပေါင်းနေတာလား ငါ့အိမ်နဲ့ပေါင်းမှာလား... "
ခေတ်အပြောကြောင့် ငြိမ်းသော်တို့သူငယ်ချင်းတစ်သိုက် တိတ်ကျသွားရသည်။ ကိုယ်စီကိုယ်စီရင်ထဲမှာတော့ ပဟေဋ္ဌိဆန်ဆန် သီးသန့်ဆန်ဆန်နေတတ်သည့် ခေတ်ကို နားမလည်နိုင်ဖြစ်ရသော်လည်း နားလည်ပေးဖို့ကြိုးစားရသည်။
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️