တိတ်ဆိတ်နေတဲ့ Coffee ဆိုင်လေးအတွင်းတွင် မိုင်းနှင့် ငြှိုးတို့ တစ်စုံတစ်ယောက်အား ရင်ခုန်စွာစောင့်မျှော်နေကြလေသည်။
" ကိုယ် အရမ်းရင်ခုန်နေတယ် မိုင်းရာ....."
ငြှိုး ငြီးငြီးငြူငြူလေး ပြောလာသည်မို့ မိုင်းရယ်ပဲရယ်နေလိုက်မိသည်။
" ဟော.... လာပြီ...."
စားပွဲဆီသို့ လျှောက်လာသည့် အကိုတစ်ယောက်အား နှစ်ယောက်သား ရပ်ကာ ကြိုဆိုလိုက်သည်။
" Sorry ဗျာ... ကျွန်တော် နောက်ကျသွားတယ်..."
" နောက်မကျပါဘူး.... ကျွန်တော်တို့က စိတ်လောပြီးရောက်နေတာ...."
" ဟားဟား.... ဟုတ်ပါပြီဗျာ.... ဒီမှာ ကျွန်တော်ချထားတဲ့Plan.... "
ထိုလူပြလာသည့် Wedding Plan အားနှစ်ယောက်သား ခေါင်းချင်းဆိုင်ကြည့်ပြီး ကျေနပ်နေမိတော့သည်။
" ဘယ်လိုလဲ မိုင်း ကြိုက်လား...."
" မဆိုးပါဘူး.... ကျွန်တော် သဘောကျတယ်...."
" Ok.... အကို အဲဆို ဒီအတိုင်းပဲသွားမယ်...."
" အခုအဲဒီကို သွားရင် နဲနဲစောနေဦးမှာ... ဒီမှာပဲ ခဏ အချိန်ဖြုန်းလိုက်မယ်လေ...."
စကားများပြောဆိုပြီးသည်နှင့် အသီးသီး Coffee များသောက်ကာ ခဏတာ အချိန်ဖြုန်းနေလိုက်မိသည်။
" ခဏနော်.... ကျွန်တော် Toilet သွားလိုက်ဦးမယ်...."
" ဟုတ်... သွားပါ..ကျွန်တော်တို့အပြင်ကပဲစောင့်နေလိုက်မယ်...."
မိုင်းနှင့် ငြှိုး တို့ဆိုင်အပြင်ဘက်ထွက်သွားမှ တချိန်လုံးမျက်နှာအား သတင်းစာဖြင့် ဖုံးအုပ်ထားသည်ကို ခွာလိုက်ရသည်။
သူတို့ ဘာအကြောင်းအရာတွေ ပြောနေလဲဆိုတာ သိချင်လာသည်မို့ Toilet ဘက်ဝင်သွားသည့် လူနောက်အား ခေတ် ထလိုက်လာခဲ့သည်။
Toilet ထဲဝင်သွားတော့ အပြင်တွင် ရပ်စောင့်နေသည့် ထိုလူအားတွေ့လိုက်သည်နှင့် ခေတ် မယောင်မလည်နှင့် လျှောက်သွားလိုက်ကာ တစ်ကိုယ်လုံးအား ခြုံငုံသုံးသပ်လိုက်မိသည်။
ESTÁS LEYENDO
ဒဏ္ဍာရီ ( COMPLETED)
Ficción históricaZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️