ညသန်းခေါင်ယံအထိ မိုင်း အိပ်မပျော်သေးဘဲတိတ်ဆိတ်နေတဲ့အခန်းလေးအတွင်းတွင် တစ်ယောက်တည်းငူငူကြီးထိုင်နေမိသည်။
ည၁၁ နာရီလောက်မှ အိမ်သို့ပြန်ရောက်လာခဲ့သည့် ကိုခေတ်က ယေးနဲ့ရှေးကိုခေါ်ကာ စာကြည့်အခန်းလေးထဲဝင်သွားလိုက်တာ အခုထိထွက်မလာသေးပေ။
မိသားစုအရေးနဲ့ပက်သက်တဲ့ကိစ္စမို့ မိုင်းတိတ်တိတ်လေး အသံတိတ်စောင့်ဆိုင်းနေမိသည်။
အရင်ကဘာတွေဖြစ်ခဲ့မှန်းမသိပေမယ့် ဒီနေ့မြင်လိုက်ရတဲ့မြင်ကွင်းက မိုင်းရင်ကိုအဆမတန်နာကျင်စေမိသည်။
ကလေးပမာ ဖအေ့ရဲ့ရင်ခွင်ထဲယူကြုံးမရငိုကျွေးနေပုံက မိုင်းကိုဆက်ပြီးရပ်ကြည့်နိုင်စွမ်းမရှိအောင်ဖြစ်ခဲ့ရသည်မို့ ထိုနေရာလေးမှ လှည့်ပြန်ခဲ့လိုက်မိသည်။
အရင်က ကိုခေတ်ရဲ့အဖေနဲ့ပက်သက်တဲ့သတင်းတွေ နာမည်ဆိုးတွေအဆက်မပြတ်ကြားခဲ့ရပေမယ့် ထိုလူက ကိုခေတ်ရဲ့အဖေ ဖြစ်နေလိမ့်မယ်လို့နဲနဲမှတွေးမထင်မိခဲ့....။
ကိုယ်ကတော့ ကိုယ့်ကိုသတင်းမပေးဘာမပေးထားခဲ့တယ်ဆိုပြီးတွေးထင်နေခဲ့သမျှ အခုတော့အားလုံးကထင်မှတ်မထားခဲ့သည့်အရာတွေဖြစ်နေခဲ့လေသည်။
ကျွန်တော်ကတော့ နိုင်ငံရေးအကြောင်းတွေသိပ်နားမလည်ပေမယ့် အဖေဆိုတာ သူများတွေအတွက်တော့ ဘယ်လောက်ပဲဆိုးနေပါစေဦး မိသားစုအတွက်တော့ မဟာတံတိုင်းကြီးလို ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးချင်သူ။
မိုင်းဟိုတွေးဒီတွေးဖြင့် မျက်နှာအားလက်ဖဝါးဖြင့်ခပ်ကြမ်းကြမ်းဖိဖွတ်အား သက်ပြင်းအရှည်ကြီးထချမိတော့သည်။
ကိုခေတ်.... ခင်ဗျားသိလား...
ခင်ဗျားနာကျင်ရင်
ကျွန်တော်က ခင်ဗျားရဲ့ဖြေသိမ့်ရာဖြစ်ချင်တယ်..ခင်ဗျားငိုရင်
ကျွန်တော်က ခင်ဗျားအတွက် အေးမြတဲ့ရင်ခွင်တစ်စုံငှားပေးချင်တယ်..ခင်ဗျားပင်ပန်းနေရင်
ကျွန်တော့ပခုံးတစ်ဖက်မှာ အလကားမှီတွယ်ခွင့်ပေးချင်တယ်....
ESTÁS LEYENDO
ဒဏ္ဍာရီ ( COMPLETED)
Ficción históricaZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️