Part-15

14.4K 1.4K 18
                                    

ဆရာမဝင်သေးသည်မို့ အတန်းထဲတွင် ကျောင်းသူကျောင်းသားများ က တစ်ခါမှမတွေ့ဖူးသည့် လူတွေလို စကားကို အလုအယက်ပြောနေကြလေ၏။ ကျောင်းသားများက လက်ဝှေ့ပွဲ ဘောလုံးပွဲအကြောင်းကို ပြောနေကြသော်လည်း မိန်းကလေးများကတော့ ကိုရီးယား ဘယ်ဇာတ်ကားကမင်းသားကို ဘယ်လိုကြွေကြောင်းပြောနေကြလေ၏။ ထိုအပြင် ဘယ်သီချင်းက ပိုမိုက်ကြောင်းများကို ဖန်အကြီးအသေးခွဲကာ K Pop Fan အချင်းချင်းတောင် စကားများရန်ဖြစ်နေကြသည်လည်းရှိ၏။ ဒါပေမယ့် အကုန်လုံးတူညီတာတစ်ခုက စာကို ဘယ်လိုပိုကောင်းအောင် လေ့လာဆည်းပူးရမည်ဆိုတာမပါ။
(ကိုယ်တွေအတိုင်းပဲ😁)

ထိုအထဲတွင် မိုင်းက ယောကျင်္ားလေးဆိုပေမယ့် လူတွေအနာခံ သတ်နေကြရတဲ့ လက်ဝှေ့ပွဲတွေကိုမကြိုက်တတ်သည်မို့ စကားဝိုင်းထဲဝင်မပါမိ။ ဘောလုံးပွဲကျတော့လည်း လေးရဲ့ထိန်းကွပ်မှုအောက်မှာနေခဲ့ရလို့လားမသိ... အချိန်ပေးပြီးမကြည့်ခဲ့ရပေ။တခါတရံ MRTV Free လိုင်းတွေက Live လွှင့်ပေးတဲ့မြန်မာပွဲတွေပဲကြည့်ခဲ့ရသူမို့ နိုင်ငံခြားပွဲစဉ်တွေအကြောင်းအားပါးတရပြောနေသည့် သူငယ်ချင်းတွေကြားထဲမှာ ကိုယ်ဟာ ပါးစပ်ဟောင်းလောင်းနှင့် ငဒူတစ်ယောက်။ ဟိုလူပြောလဲ ပြုံးပြုံးနဲ့ နားထောင်လိုက် ဒီလူပြောလဲပြုံးပြုံးနဲ့နားထောင်နေလိုက်ရင်း ကြာတော့ စာသင်ခန်းကြီးက ကိုယ်နဲ့မဆိုင်တော့သည့် နယ်ပယ်တစ်ခုလိုခံစားလာရတော့သည်။ သူငယ်ချင်းတွေကပဲ ဗဟုသုတများနေသလား ကိုယ်ကပဲ မသိတာများနေလားဆိုတာ စဉ်းစားမိသည့်အထိ ကိုယ်ဟာ သူတို့ပြောသမျှကို ဘာမှ မသိတဲ့လူတစ်ယောက်။

ဒါတွေကြောင့် နောင်တရမိလားဆိုတော့... မရမိဘူးလို့ပဲပြောချင်သည်။ ကိုယ်ကအရမ်းကြီးဆင်းရဲမွဲတေနေတဲ့အထဲမပါပေမယ့် ကိုယ်ကမိဘမဲ့တစ်ယောက်ဆိုတာ ဘယ်တော့မှမမေ့ခဲ့။

ကျွန်တော်တို့ညီအကို နှစ်ယောက် အခုထိ သူများနဲ့တန်းတူမဟုတ်တောင် နိမ့်ကျအောင် မနေခဲ့ရခြင်းက လေးရဲ့ ထောက်ပံ့အားပေးမှုတွေအများကြီးပါတာမို့ ကိုယ့်ရဲ့အားလပ်ချိန်လေးကို လေးအတွက်ပဲအသုံးချမိသည်။

ဒဏ္ဍာရီ ( COMPLETED)Where stories live. Discover now