ရယ်ချင်ပတ်ကျိဖြစ်နေသည့်မျက်နှာကို နှစ်ယောက်သားအရှိန်သတ်ကာ...
" မိုင်း... မင်းဆံပင်ကြီး လုပ်ဦး.... ဆုပေးပွဲတောင်မစသေဘူး မင်းပုံစံက ဂျုံးဂျုံးကျနေပြီ..."
" ကိုခေတ်နော်.. စိတ်ရှုပ်နေရတဲ့ကြားထဲ.... "
မျက်စောင်းထိုးကာ ဆံပင်အတု နှင့်ရှုပ်ရှက်ခတ်နေသည့် မိုင်းအား ရယ်ချင်ပေမယ့် မရယ်ရက်။ စိတ်ရှုပ်နေသည်က မျက်နှာမှာ အထင်းသားပေါ်လွင်နေသည်မို့ ဒီအတိုင်း ကူညီပေးဖို့ပဲဆုံးဖြတ်လိုက်ကာ...
" မင်းဟိုဘက်လှည့် ငါပတ်ပေးမယ်..."
" ခင်ဗျားလုပ်တတ်လို့လား...."
" အရင်လုပ်ကြည့်မယ်လေကွာ...."
" ရော့ဒီမှာဆံညှပ် ပတ်ပြီးရင် အဲဒါနဲ့ထိုးချလိုက်..."
" အော်... အပြောလေးက လွယ်တယ်နော်..."
ကျွန်တော့ရဲ့ ခပ်ရွဲ့ရွဲ့အပြောကြောင့် ပြုံးစိစိမျက်နှာနှင့် တဘက်လှည့်သွားကာ...
" လုပ်ပေးမယ်ဆိုလဲမြန်မြန်လုပ်ဗျာ... အခုဆို ကျွန်တော်ပျောက်နေလို့ အတန်းခေါင်းဆောင် လိုက်ရှာနေလောက်ပြီ..."
ခေတ်လည်း ဘာမှပြောမနေဘဲ ကျောခိုင်းထားသည့် မိုင်းနောက်နေရာယူကာ ပြေကျနေသည့်ဆံပင်အား လက်နှစ်ဖက်ဖြင့်စုစီးယူလိုက်တော့ မြင်ကွင်းထဲဝင်လာသည့် ဂုတ်သားဖွေးဖွေးလေး....။
ခေတ်ရုတ်တရက် အာခေါင်ခြောက်သလို ခံစားလိုက်ရကာ အမြန်အကြည့်လွှဲလိုက်ပြီး ဖြစ်သလိုပဲ ဆံပင်အား ကြိုးကျစ်သလိုကျစ်ပစ်လိုက်ပြီး ထုံးဖွဲ့ပေးလိုက်မိသည်။ သွေးကြောများယှက်ကာ ပန်းရောင်သန်းနေသည့် နားရွက်ကားကားလေးဆီအကြည့်ရောက်တော့ မိုင်းအနားက အမြန်ဖယ်ခွာလိုက်မိသည်။
" အဟမ်း... ပြီးပြီ..."
" ဟာမြန်လိုက်တာ... ကျွန်တော်လုပ်နေတာကြာပြီမပြီးဘူး...ခင်ဗျားကူညီမှပြီးတော့တယ်...
မှန်မှန်ပြော.... ကောင်မလေးတွေကို လုပ်ပေးနေကျမလား..."မျက်လုံးလေးထောင့်ကပ်ကာ ရယ်ပြုံးပြုံးမျက်နှာဖြင့်မေးနေသည့် မိုင်းအား ဖြစ်ညှစ်ပစ်ချင်စိတ်တွေဖြစ်လာရသည်။
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️