ကန်တင်းထဲတွင် ကျောင်းသားကျောင်းသူများ စကားဖောင်ဖွဲ့နေကြသည့်အပြင်ငြင်းခုန်သံများကလည်းဆူညံနေတော့၏။ ငြိမ်းသော်မှာ အခုထိရောက်မလာသေးသည့် ခေတ်ကို လည်ပင်းရှည်မတတ်စောင့်မျှော်နေမိသည်။ ဒီကောင် ဒီရက်ပိုင်းအချိုးတွေပြောင်းနေတာ။ စကားပြောမယ်ကြံလိုက်ရင် မရှိတော့ပြန်ဘူး... ဘယ်ပျောက်ပျောက်သွားမှန်းကိုမသိဘူး။
" ငြိမ်းသော် အခုတလော ဟိုကောင်ခေတ်ဘယ်ရောက်နေတာလဲ... တွေ့ကိုမတွေ့ဘူး...."
" အေးငါလည်း အဲဒါစဉ်းစားနေတာ ဘာအကွက်တွေရွှေ့နေလဲမသိဘူး..."
ငြိမ်းသော်တို့စကားပြောနေတုန်း လွယ်အိတ်အားစလွယ်သိုင်းကာ ကန်တင်းထဲဝင်လာသည့်ခေတ်။ ဝတ်ထားတာက သူလိုကိုယ်လို Uniform ပါပဲ။ ဒါပေမယ့် ကိုယ်ပဲစိတ်ထင်နေလို့လားမသိ Uniform က သူနဲ့မှ ပိုလိုက်နေသလိုလို။
" ဟူး.... ရေဆာတယ်ကွာ...."
" အန်... ဘယ်တွေ အလေလိုက်ရာက ပြန်လာလို့ ရေဆာတဲ့ အဆင့်တောင်ဖြစ်နေတာလဲ ခေတ်...."
ခုံပေါ်မှ ချထားသည့်ရေအား တရှိန်ထိုးမော့သောက်ပစ်ကာ ရေတစ်ဗူး ကုန်ခါနီးမှ စားပွဲပေါ်ဆောင့်ချလိုက်လေသည်။
" ဟင်း.... ဒီလိုပဲ စိတ်ထဲမရှင်းတာလေးရှိလို့ လိုက်ပြီးအတည်ပြုနေတာ...."
" ဘယ်ကောင်က မင်းကို ခလုတ်တိုက်နေလို့... အဲလောက်တောင် စိတ်မသက်မသာ ဖြစ်နေရတာလဲ... ငါတို့ကိုလည်းပြော.... အဲကောင်ကို ဝိုင်းဆုံးမပေးမယ်....."
ပိုင်စေ နှင့် ငြိမ်းသော် ပြောလာသည့်စကားကြောင့် ခေတ်မှာ လက်အမြန်တားလိုက်ရသည်။
" မလိုဘူး.... ဒီတခါမင်းတို့ပါစရာမလိုဘူး.... ငါ့ဘာသာငါဖြေရှင်းမယ်.... မင်းတို့လဲ ထစ်ခနဲဆို လက်ပါဖို့ချည်းဘဲ တွေးမနေနဲ့... ဒီတစ်ခါဆို ကျောင်းထွက်ရပြီ...."
" ခေတ် မင်းသိပ်တည်ငြိမ်မပြနဲ့.... မင်းနဲ့မလိုက်ဘူး...."
" အဟက်... တခါတလေ တည်ငြိမ်ကြည့်ကြရအောင်ကွာ.... ဒီ Feel လဲမဆိုးပါဘူး...."
ခေတ်တို့စကားပြောနေတုန်း ဆံပင်နီကြောင်ကြောင်ကောင်နှင့် အချိုးမပြေတဲ့ နောက်လိုက်ကောင်တွေ ကန်တင်းထဲသို့ဝင်လာကြလေသည်။ ခေတ် တချက်ကြည့်ကာ ပြန်လွှဲလိုက်ပြီး စားစရာမှာဖို့ရာ စားပွဲထိုးအားလိုက်ရှာမိသည်။ မနက်ကတည်း ဘာမှမစားရသေးပေ။ ဂဂျိုးဂဂျောင် နန်းတွင်းသူက လာလာနှောက်ယှက်နေလို့ အိပ်ရေးပျက်နေရတာ များနေပြီ။ အရင်ကတခါမှ မမက်ဖူးပဲ အခုရက်ပိုင်းမှ အဲနန်းတွင်းသူကိုပဲ မက်မက်နေမိတာ ဘာတွေမှန်းကိုမသိ။ အိပ်ရေးပျက်တော့ အိပ်ယာက မထနိုင်။ ကျောင်းကိုတောင် မနဲထလာရတာ။
VOCÊ ESTÁ LENDO
ဒဏ္ဍာရီ ( COMPLETED)
Ficção HistóricaZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️