အဆောက်အဦးများ ဖြိုချနေသည့်နေရာတွင် သတင်းထောက်များ တရုန်းရုန်းတဝုန်းဝုန်းနှင့်အလုအယက် တိုးဝှေ့ကာ သတင်းယူနေကြလေသည်။
" ကောင်လေး.... ဦးဒီမှာ...."
ဦးမင်းခေါင် လက်လှမ်းပြသည့်နေရာသို့ ခေတ်ဝရုန်းသုန်းကားပြေးသွားမိသည်။
" ဦး.... ပါးရော.... ပါးဘယ်ရောက်သွားပြီလဲ..."
" ကလေး......"
အနားသို့ သတင်းထောက်များအားအတင်းတိုးဝှေ့ကာ ပြေးတပိုင်းလာနေသည့် ယေး နှင့် ရှေးဆီပြေးသွားကာ....
" ရှေး.... ပါးရော... ပါးဘယ်ရောက်သွားပြီလဲ...."
" ကောင်လေး.... စိတ်အေးအေးထားပါကွ..... မင်းအဖေ ဘာမှမဖြစ်ဘူး... ဦးတို့လုံခြုံတဲ့နေရာကိုခေါ်သွားပြီးပြီ......."
" ကလေး ... ပြီးမှ ရှေးတို့ရှင်းပြမယ်... အခုက သတင်းထောက်တွေနဲ့စကားပြောရမှာအဆင်မပြေဘူး... ပြန်ကြရအောင်...."
အလုအယက်လိုက်မေးနေသည့် သတင်းထောက်များအား လစ်လျှူရှုကာ ကားပေါ်အပြေးအလွှားအမြန်တက်ပြီး ထိုနေရာမှ ထွက်ခွာလာခဲ့ရသည်။
သတင်းထောက်တွေမေးသမျှကိုတော့ ဦးမင်းခေါင်ပဲ ဆက်လက်ဖြေကြားပြီး ကျန်နေခဲ့လေသည်။
" ဖုန်းခေါ်နေတာ ဘာလို့မကိုင်တာလဲကလေးရယ်.... ရှေးတို့မှာ...ပါးသတင်းကြားကြားခြင်းထူပူသွားတာပဲ....
တော်သေးတာပေါ့ ကိုမင်းခေါင်ဖုန်းဆက်လို့သာ Taxi စီးပြီးအမြန်ပြေးလာရတာ......"
" ကျွန်တော်ရေချိုးနေလို့ ဖုန်းတွေလာတာမသိလိုက်တာ.... TV က သတင်းတောင် မိုင်းပြလို့သာ..."
ခေတ်ဖြေရှင်းချက်ပေးပြီးသည်နှင့်ပြည်လမ်းမကြီးအတိုင်း မောင်းချလာခဲ့သည်။
" ကျွန်တော်တို့အခု ပါးရှိရာကိုသွားမှာမလား..... ကျွန်တော်ဘယ်ကိုမောင်းရမှာလား...."
" ကိုမင်းခေါင်တို့ရုံးကိုပဲမောင်း..... ပါးကိုအဲဒီမှာ ခဏယာယီထားထားတယ်..... တခြားနေရာဆိုစိတ်မချရသေးလို့....."
" သူတို့က ပါးကို ဘယ်နေရာရွှေ့ကြမလို့လဲ.... ဒီထက်ဆိုးဝါးတဲ့နေရာရောရှိသေးရဲ့လား...."
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️