" ခင်ဗျား မထသေးဘူးလား..."
၁၀ နာရီတောင်ကျော်နေပြီကို မထသေးသည့် ကိုခေတ်အား ဘုကြည့်ကြည့်ပြီး မေးမိခြင်းဖြစ်သည်။ ကိုခေတ်ပုံစံက အိပ်ရေးဝရဲ့သားနဲ့အပျင်းတင့်ပြီးအိပ်နေတာနဲ့လည်းမတူ။ တကယ်အိပ်ချင်လို့အိပ်နေတာနှင့်တူလေသည်။
ညဘက်တွေဆိုလည်း ကျွန်တော်အိပ်တဲ့အချိန်ဆို အိပ်နေတာပဲကို...ဘယ်လို့ဖြစ်လို့ အဲလောက်တောင်အိပ်ချင်နေရတာပါလိမ့်။ မိုင်း စဉ်းစားကြည့်ပေမယ့်ရေရေရာရာ အဖြေမရခဲ့။
" ကိုခေတ် ထတော့လေဗျာ...."
" အင့်...."
" ၁၀ နာရီတောင်ကျော်လို့ နေတောင် ခေါင်းတည့်တည့်ရောက်နေပြီ...."
အိပ်စက်မှုံဖွားဖြင့် ငေါက်ခနဲထထိုင်ကာ...
" ဟင်... ၁၀ နာရီကျော်နေပြီလား.... ဟာကွာ Alarm ပေးထားတာ ဘာလို့ မမြည်တာလဲမသိဘူး... ကျွတ်...."
" ကျွန်တော်ပိတ်လိုက်တာ...."
"....."
သူ့ဘေးတွင်ရပ်နေသည့် ကျွန်တော့အားမော့ကြည့်ကာ ဘာမှ မပြောဘဲ ရေချိုးခန်းထဲရေးကြီးသုတ်ပြာပြေးဝင်သွားသည်မို့ မိုင်းရင်ထဲ မျက်ခနဲဖြစ်သွားရသည်။
သူနဲ့ကိုယ် ဆက်ဆံရေးက အရမ်းကြီးတိုးတက်လာတယ်ရယ် မဟုတ်ပေမယ့် သူခေါင်းကွဲပြီးကတည်းက အရင်လိုဘုဘောက်မလုပ်ဖြစ်တော့တာဖြစ်သည်။
မိုးလင်းတိုင်း ကျွန်တော်ကြည်ဖြူဖြူ မဖြူဖြူ နှဖူးလေးအား နမ်းနေကျဖြစ်တဲ့သူက အခုတော့နမ်းဖို့နေနေသာသာ ဂရုတောင်မစိုက်သည်မို့မိုင်းစိတ်ထဲ ဝမ်းနဲလာသလိုလို... အလိုမကျသလိုလို။
*** ဘယ်လောက်တောင် အရေးကြီးကိစ္စတွေရှိနေလို့လဲ...***
ရေးချိုးခန်းထဲက အမြန်ပြေးထွက်လာကာ ဘယ်ကတည်းကပြင်ဆင်ထားမှန်းမသိသည့် အဝတ်အစားများအားဝတ်ဆင်နေပြန်သည် ။
ဘေးကမိုင်းမှာ ဘာလုပ်ပေးရမှန်းမသိဘဲ သူလုပ်သမျှကို ဘေးကနေ ဟိုနားမတ်တပ်... ဒီနားမတ်တပ်နှင့် မျက်နှာလေးဇီးရွက်လောက်ပဲရှိတော့ကာ လိုက်ကြည့်နေမိသည်။
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️