Part-17

13.6K 1.5K 32
                                    

မောင်မယ်သစ်လွင်ကြိုဆိုပွဲကြောင့် ကျောင်းဟောခန်းမကြီးအတွင်း ကျိတ်ကျိတ်တိုးစည်ကားနေတော့သည်။ မနှစ်ကနှင့်မတူ ဒီနှစ်က ပြိုင်ပွဲတွေပါတာမို့ ခန့်မှန်းထားသည်ထက်ပင် တစ်ကျောင်းလုံးနီးပါးတက်ရောက်ကြလေသည်။

ရှေး ဆင်ပေးလိုက်သည် Suite နက်ပြာရောင်ဝမ်းစက်အပြင် မနေ့ညကမှ ဆံပင်ခဲရောင်လေးသွားဆိုးထားတာမို့ လူတွေကြားထဲတွင်တော့ ထင်းခနဲဖြစ်နေလေသည်။

ထိုအပြင် ခဲရောင်ဆံပင်အားဂျဲလ်ဖြင့်အပြောင်သိမ်းထားပြီး  ခပ်မဲ့မဲ့မျက်နှာပေးနှင့် စတိုင်ကျကျလမ်းလျှောက်မှုအောက်တွင် ကောင်မလေးတစ်ချို့ရဲ့အမြင်အားရုံအား ဖယ်ခွာမသွားချင်လောက်အောင် ခေတ်က ဖမ်းစားနေတော့၏။ ထိုအပြင် နားတစ်ဖက်တွင် ဆင်မြန်းထားသည့် စိန်နားကပ်တစ်ဖက်ကြောင့် ပို၍ကြည့်ကောင်းနေပြန်သေးသည်။

" ဟာမင်းသား.... စတိုင်က အလန်းပါလား..."

ငြိမ်းသော် နှုတ်ဆက်စကားကို အသိအမှတ်ပြုသောအားဖြင့် ပုခုံးတစ်ဖက်တွန့်ပြလိုက်ကာ....

" လာလုပ်မနေနဲ့ အချင်းချင်းကို...."

" တကယ်ပြောတာကွ ငါတောင်ငေးချင်သွားတယ်..."

နားဆွဲလေးတစ်လှုပ်လှုပ်နှင့် အစွမ်းကုန်သထားသည့် ငြိမ်းသော်က မိမိအား မြှောင့်ပင့်နေသောကြောင့် နဲနဲပင်မြောင့်ချင်သွားရသည်။ ကိုယ့်မျက်လုံးထဲတွင်တော့ အဖြူရောင်ဝမ်းစက်နှင့် ငြိမ်းသော်က ကိုရီးယားမင်းသားလိုလို ဘာလိုလို နှင့် ကိုယ့်သူငယ်ချင်းမို့ပြောတာမဟုတ် ခန့်ချောကြီးဖြစ်နေလေသည်။ ဒီလိုလူက မိမိအား အားကျသည်ဆိုတော့ မြှောင့်ရတော့တာပေါ့လေ။

ခေတ် ဟိုဒီလျှောက်ကြည့်လိုက်ကာ...

" ဟေ့ကောင့် ပိုင်စေရော..."

" ဟိုမှာလေ... သူ့ကောင်မလေးနဲ့.... "

ငြိမ်းသော် မေးဆတ်ပြတဲ့ဘက်သို့ လှည့်ကြည့်လိုက်တော့ ကောင်မလေးပုခုံးအားသိုင်းဖက်ကာ ဘာတွေလေပေါနေလဲမသိ။ မျက်နှာတစ်ခုလုံးကတော့ ပျားသကာလိုချိုနေလေ၏။

ဒဏ္ဍာရီ ( COMPLETED)Donde viven las historias. Descúbrelo ahora