မိုင်းကိုကားဂိတ်အားလိုက်ပို့ပေးခဲ့ပြီး... မြို့ထဲကလက်ဖက်ရည်ဆိုင်တွင်လက်ဖက်ရည်ဝင်သောက်ရင်း TVကလာနေသည့်ဘောလုံးပွဲအားထိုင်ကြည့်နေလိုက်၏။
" ဦးစိုးရေ ကြားပြီပြီလား မြို့ဟောင်းဘက်ကကိစ္စ..."
" ဘာဖြစ်လို့လဲ ဖိုးသားရ...."
" ဘာဖြစ်ရမှာလဲဦးစိုးရာ... မနေ့ညက မြို့ဟောင်းဘက်မှာ ရယ်သံတွေငိုသံတွေကြားနေရတယ်တဲ့... "
" ဟေ... ထူးထူးဆန်းဆန်းပါလား.... အဲလိုမကြားရတော့တာတော်တော်ကြာနေပြီကို..."
" ဟုတ်တယ်ဦးစိုးရာ... မြို့ထဲကလူတွေပြောတာကတော့ အခုလာလည်တဲ့ကျောင်းသားတွေများအမှားတစ်ခုခုလုပ်လိုက်လားမသိဘူးတဲ့..."
" အေးကွယ်....ပြောလို့ရတာမဟုတ်ဘူး... ကလေးတွေကနားမလည်တော့ တစ်ခုခုလုပ်လိုက်မိသလားမှမသိတာ..... ဘုန်းဘုန်းရော ဒီကိစ္စသိပြီးပြီလား..."
" ဘုန်းဘုန်းက ပြည်ကို တရားဟောသွားတာလေ... မသိလောက်သေးဘူးထင်တာပဲ...."
" ကဲ့ပါကွာ... အရင်ကလည်းကြားနေရတာပဲ... ဘာမှအထွေအထူးမဖြစ်လောက်ပါဘူး... အရင်တိုင်း ချိုဆိမ့်ပဲလားဖိုးသား..."
" ဟုတ်ဦးစိုး... "
" ခဏစောင့် ငါကိုယ်တိုင်ဖျော်ပေးမယ်... မင်းအဖေက ငါ့လက်ရာမှကြိုက်တာကွ...."
ဆိုင်ပိုင်ရှင်ဦးလေးကြီးနှင့် ဖိုးသားဆိုသူရဲ့ပြောနေသည့် စကားများကြောင့် ခေတ် တွေဝေသွားရသည်။ မနေ့ကဖြစ်ခဲ့သည့် ခိုတွေနှင့်ငှက်ဆိုးများအားမြင်ယောင်မိတော့... ဒီမြို့ကလူတွေပြောသလိုပဲ ကျွန်တော်တို့တခုခုမှားခဲ့လေသလား???
မိုင်းကရော.... ချက်ချင်းကြီးထပြန်သွားရတာ ဒီကိစ္စတွေနဲ့ပက်သက်နေတာလား???
ခေတ်အတွေးများကာ Hotel သို့လမ်းလျှောက်လာခဲ့လိုက်သည်။
"ဘယ်လိုလဲ ခေတ်ရ... မင်းကောင်လေးမရှိတာနဲ့ပျင်းနေပြီလား..."
Hotel ထဲဝင်ဝင်ချင်း ခနိုးခနဲ့ဆီးကြိုနှုတ်ဆက်လိုက်သည့် ငြှိုးကြောင့်... တစ်ချက်မဲ့လိုက်ကာ ဘာမှတုံ့ပြန်ပြောမနေတော့ဘဲ Hotel အတွင်းသို့လှမ်းဝင်လာခဲ့လိုက်သည်။
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️