မနက်ဝေလီဝေလင်းအချိန်လေးမှာ လေးရဲ့ချက်ပြုတ်ကြော်လှော်အသံတွေနဲ့ စည်ကားနေခဲ့ပေမယ့် မိုင်းထပြီးကူဖို့အရေး ထလို့မရဘဲဖြစ်နေရတော့သည်။
ရင်ခွင်ထဲခွေးပေါက်လေးလိုတိုးဝင်ဖက်တွယ်ထားသည့် ကိုခေတ်အား ဖယ်ခွါဖို့ရာ နှလုံးသားလေးကမနာခံလေတော့ ပြုံးရုံမျှသာတတ်စွမ်းပါတော့သည်။
ဝင်းဝါဝါ မျက်နှာပေါ်က စိမ်းမြမြပါးသိုင်းမွေးလေးတွေအားဖွဖွတို့ထိနေမိရင်း တိုးဖွဖွရယ်လိုက်မိသည်။
အချစ်ဆိုတာကြီးကို တခမ်းတနားကြီးဖွင့်ဟမပြောတတ် မချပြတတ်ပေမယ် ဒီရင်ခွင်ထဲကလူသားလေးကဖြင့် ကျွန်တော့အတွက်အရာရာ... ကျွန်တော့ရဲ့ကမ္ဘာ...
စချစ်မိတာလဲသူကြောင့်...
စပြီးနာကျည်းမိတာလဲသူကြောင့်...
အလူးလူးအလှိမ့်လှိမ့် လွမ်းတဲ့ဒဏ်ကိုမြည်းစမ်းခွင့်ရတာလဲသူကြောင့်...အရာရာကို သူနဲ့ပဲစပြီး သူနဲ့ပဲအဆုံးသတ်ချင်မိတာလည်း ဒီလူသားတစ်ယောက်ပဲ ဘဝမှာရှိခဲ့ဖူးသည်။
အခုတော့ ဒီလူသားလေးက ယခင်နေ့ရက်များနှင့်မတူ ကျွန်တော့ရင်ခွင်ထဲမှာ မြတ်နိုးစရာအတိနဲ့ အိပ်မောကျနေခဲ့ပြီမို့ သူနဲ့ရှိနေရတဲ့ အချိန်တိုင်း နေရာတိုင်းက တန်ဖိုးဖြတ်လို့မရတဲ့ဖြစ်တည်မှုလေးတစ်ခုလို။
မြင်နေရသည့်ရှင်းရှင်းသန့်သန့် နဖူးပြင်လေးအားမြတ်နိုးစွာနမ်းရှိုက်မိချိန်...
" မနက်စောစောစီးစီး ဘယ်သူလေးလဲကွာ အနမ်းသူခိုးလုပ်နေတာ..."
မျက်လုံးတို့ကမဖွင့်သေးဘဲ ပြုံးချင်ချင်အမူအရာနှင့် အသံဩဩကြီးကြောင့် အသံတိတ်ပြုံးလိုက်မိပြီးအနမ်းတို့အားမရုတ်သိမ်းဖြင့်ပဲ နစ်သဲစွာဖိနမ်းလိုက်ရင်း...
" ခိုးနမ်းစရာလိုသေးလို့လား
ခင်ဗျားက ကျွန်တော့အပိုင်မဟုတ်ဘူးလား..."
"......"
" ဟင်.."
အိပ်နေသူရဲ့မေးဖျားလေးအားပင့်မော့စေပြီး အတည်ပြုချက်လေးတောင်းမိတော့... ကျေကျေနပ်နပ်ကြီးခွက်ဝင်လာသည့် ပါးခြိုင့်လေးကြောင့် ပြန်ဖြေစရာမလိုလောက်အောင်ကို ကျွန်တော့အတွက် ပြီးပြည့်စုံနေလိမ့်မည်။
VOUS LISEZ
ဒဏ္ဍာရီ ( COMPLETED)
Fiction HistoriqueZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️