Part-41

12.6K 1.2K 18
                                    

ကမ္ဘာအေးလမ်းမကြီးအတိုင်းမောင်းချလာကာ ကမ္ဘာအေးဗီလာအိမ်ယာထဲမှ ခြောက်သွေ့တိတ်ဆိတ်နေသည့် အိမ်ကြီးရှေ့တွင် ကားထိုးရပ်လိုက်လေသည်။ ထိုနောက် ကားစတီယာတိုင်ပေါ်လက်တင်မေးထောက်ကာ ထိုအိမ်ကြီးအားငေးငေးဆွေးဆွေးကြည့်နေသည့်ကိုခေတ်အား နားမလည်နိုင်စွာ မိုင်းကြောင်တောင်တောင်ဖြစ်နေရသည်။

ဘာကြောင့်ဒီအိမ်ရှေ့ကိုလာရတာလဲ.....??

" မိုင်း...... အဟက်...."

ကျွန်တော်ပဲစိတ်ထင်နေလို့လားမသိ.... ကျွန်တော့နာမည်အားရုတ်တရက်ထခေါ်ကာ ဟက်ခနဲရယ်လိုက်ပေမယ့် မျက်ဝန်းတွင် မျက်ရည်များက စိုစွတ်နေသလိုလို....။

" ကိုယ်လေ.... မင်းကိုဒီလိုအိမ်မျိုးတွေမှာ တင့်တောင့်တင့်တယ် ထားချင်ခဲ့တာ....."

ကိုခေတ်အပြောကြောင့် မိုင်းအံ့သြစွာ ငဲ့စောင်းကြည့်လိုက်မိသည်။

သူအခု ကျွန်တော့ကို ဒီလိုအိမ်မျိုးတွေမှာ ထားချင်လို့ မျက်ရည်ဝဲမတတ်ဖြစ်နေရတာလား...???

ကျွန်တော် သူကို့ပြောလိုက်မိတာက ကျောချလို့ရမဲ့တစ်နေရာစာလောက်ပါ..... ဘာလို့ ဒီလိုအိမ်ကြီးတွေမှာနေချင်တယ်လို့ထင်လိုက်ရတာလဲ.....။

" အရင်က ဒီအိမ်လေးထဲမှာ Company ရော... ဆေးခန်းလေးပါတွဲဖွင့်ထားတာလေ....။ ဝန်ထမ်းတွေသိုင်းသိုင်းဝန်းဝန်းနဲ့ပျော်စရာကြီး...."

" ခင်ဗျားအသိအိမ်လား......"

ကျွန်တော့အမေးအား ဟက်ခနဲ တချက်ရယ်ပြလာကာ .....

" ဟင့်အင်း..... ဒါကိုယ်ငယ်ငယ်လေးကတည်းက ကြီးပြင်းလာခဲ့တဲ့အိမ်...."

မိုင်းအလန့်တကြားဖြစ်သွားရသည်။

" အဟက်.... ဒါပေမယ့် အခုတော့ လောဘသမားတွေ ကျင်လည်နေတဲ့ အသိုင်းအဝိုင်းတစ်ခုရဲ့မတရားသိမ်းပိုက်တာကို ခံလိုက်ရတယ်လေ....."

ပေါက်ခနဲကျလာသည့် မျက်ရည်စကို ကျွန်တော်မြင်မှာစိုးသည့်အလား ကပြာကယာသုတ်နေသည့် ကိုခေတ်ကြောင့် မိုင်းရင်ထဲ ဆို့တက်လာခဲ့မိသည်။

" Sorry ကွာ.... မင်းနားမထောင်ချင်တာတွေပြောမိပြန်ပြီ....."

မိုင်းလည်းဘာမှမပြောဘဲ တိတ်ဆိတ်နေလိုက်တော့ ကားအားထိုနေရာမှ မောင်းထွက်လာခဲ့လိုက်သည်။ အမှန်က ဆက်ပြောလာမည့်စကားတွေကို မျှော်လင့်နေခဲ့ပေမယ့်.... ကိုယ်မာနနဲ့ကိုယ်မို့ ပြောပြပါလို့လည်း ခဝါမချချင်။

ဒဏ္ဍာရီ ( COMPLETED)Kde žijí příběhy. Začni objevovat