အလာတုန်းကတော့ အဆင်တန်ဆာများပြည့်နှက်နေသည့် ဝေါယာဉ်နှင့်ဖြစ်ပြီး အပြန်ကျတော့ ကိုယ့်အား ကိုယ်ကိုးရတဲ့ ခြေလျှင်လျှောက်နေရခြင်းသာ။ အိမ်နှင့် နန်းတော်က အတော်အတန်ဝေးပေမယ့် အနွယ်လို အခြေခံလူတန်းစားအဖို့ ဒီခရီးလောက်ကမမူတော့ပေ။ ဒါပေမယ့် မျက်နှာလွှဲခဲ လုပ်လိုက်တဲ့ မောင်ကြီးကိုတော့ အနွယ် စိတ်နာမိသည်။
လူသွား လူလာ တစ်ယောက်စ နှစ်ယောက်စပဲရှိသည့် တောလမ်းကြီးတွင် အနွယ်မှာ အရှေ့နောက် တောင်မြောက်ကြည့်ကာ ခြေလှမ်းများကို မြန်စေလိုက်မိသည်။ အဝတ်အစားကောင်းများဝတ်ဆင်ပြီး ထို လူပြတ်သည့်လမ်းတွင်သွားနေသည့် အနွယ့်အား လမ်းသွားလမ်းလာ လူအနည်းငယ်က အထူးအဆန်းကြည့်နေကြသည်မို့ အနေခက်နေရခြင်းပြောင့် မျက်ရည်များပင်စို့ချင်လာမိသည်။
လျှောက်လာရင်းနှင့်ပင် ထန်းတောကြီးအားဖြတ်မိချိန်တွင်တော့....
" ဟေ့ ဟေ့... မိန်းကလေး... ဒီမှာ ဒီမှာ..."
အနွယ် ခေါ်သံကြောင့် ဝေ့ဝဲရှာကြည့်မိတော့ ခေါင်းကို မိုးကြိုးပစ်ချသလို အုံခဲသွားရသည်။ လက်နက်ကိုင် အမူးသမားတွေ...။ ဒီလို လူရမ်းကားများနှင့် ဆုံတွေ့ရတဲ့မိန်းမသားတိုင်းက သူတို့ခြေရင်းမှာ ဝံ့ဆင်းကြရသည်များသာ။သူမဘဝကိုတော့ ထိုလူတွေလက်ထဲ ခြေမွခြင်းတော့ အဖြစ်မခံနိုင်။ ခြေလှမ်းအား အရှိန်ထပ်မြှင့်ပြီး အပြေးတပိုင်းလျှောက်မိတော့ ဇက်ခနဲဆွဲလှည့် ခံရခြင်းနှင့်အတူ မြေပြင်သို့ ပုံလဲကျခဲ့ရ၏။
" နင်က ငါခေါ်တာ ဂရုမစိုက်ဘူးပေါ့... ဟားဟား.. ကြိုက်ပြီ.... ဟေ့ကောင်တွေ သူကို လာထူစမ်း..."
ခေါင်းဆောင်ဖြစ်ဟန်တူသည့် ထိုလူ၏အမိန့်ကြောင့် လူနှစ်ယောက်ပြေးလာကာ အကြမ်းပတမ်းဆွဲထူခြင်းကိုခံလိုက်ရသည်။ အနားလျှောက်လာပြီး အနွယ့်မျက်နှာအား လက်ဖျားလေးဖြင့် ပင့်မကာ...
" နတ်သမီးလေးပဲ...ဟေ့ကောင်တွေ ဟိုတဲထဲကို ခေါ်လာခဲ့..."
ထန်းတောထဲက ယိုင်နဲ့နဲ့အိမ်လေးအား လက်ညှိုးထိုးပြကာ ခေါ်လာခဲ့ရန်ပြောနေခြင်းကြောင့် အနွယ်ဘဝ ပျက်တော့မည်ဆိုတာ သိလိုက်ခြင်းနှင့်အတူ မျက်ရည်များက အတာကျိုးသလို ပြိုဆင်းကျလာခဲ့ရသည်။
ESTÁS LEYENDO
ဒဏ္ဍာရီ ( COMPLETED)
Ficción históricaZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️