တရွေ့ရွေ့သွားနေသည့် ငြိမ်းသော်ကို အမှီလိုက်နေရသည့်မှာ ခေတ်ပင် မောဟိုက်လာရသည်။ လူအုပ်စုကြီးအားတိုးဝှေ့ကာ ငြိမ်းသော်နောက်ကို လိုက်နေရသည်မို့ ထင်သလောက် ခရီးမတွင်။
ငြိမ်းသော်ကတော့ ဘယ်နေရာကိုမှမကြည့်ဘဲ အရှေ့စူးစူးကိုသာ ယိုင်နဲ့နဲ့လျှောက်နေသည်လေသည်။
" အား....."
" ဘယ်လိုဖြစ်လို့ အတင်းတိုးနေရတာလဲ .... ဒီမှာအပူလောင်ကုန်ပြီ...."
ငြိမ်းသော် ပျောက်သွားမှာစိုးလို့ ပတ်ဝန်းကျင်ကို ခနမေ့ကာ သဲကြီးမဲကြီးလိုက်ခဲ့မိသဖြင့် ဆန်ပြုတ်အား သတိထားကိုင်ရန် မေ့လျော့သွားခဲ့ရသည်။
" တောင်းပန်ပါတယ်.... ကျွန်တော်နဲနဲလောသွားလို့.... တောင်းပန်ပါတယ်...."
ကမန်းကတမ်းတောင်းပန်ကာ ငြိမ်းသော်ကို ပြန်လိုက်ရှာပေမယ့် ဘယ်နေရာမှမတွေ့။
လက်လျှော့ကာ ဆိုင်ကယ် ကယ်ရီရှိရာသို့သွားမည်အလုပ် ဘုရားဟောင်းပျက်ကြီးထဲဝင်သွားသည့် ငြိမ်းသော်အားလှမ်းမြင်လိုက်ရသည်။
" ဒီကောင် ဘယ်တွေလျှောက်ဝင်နေတာလဲကွာ... ကျွတ်..."
လက်မှနာရီအားငုံ့ကြည့်မိတော့ ရ နာရီတောင်ကျော်နေခဲ့ပြီ။ မိုင်းကိုစိတ်မချပေမယ့် ငြိမ်းသော်ကိုလဲမထားခဲ့နိုင်ဘဲ ခေတ် တစ်ယောက်တည်းဗြာများနေရတော့သည်။
" မူးမူးရူးရူးနဲ့ ဘုရားဝင်းထဲ လျှောက်လုပ်နေမှဖြင့်.... ဟူး..."
ငြိမ်းသော်ဝင်သွားသည့် ဘုရားကြီးထဲသို့ အမြန်ပြေးသွားလိုက်မိ၏။
မှောင်မဲနေသည်မှာ ဘာဆိုဘာမှကိုမမြင်ရလောက်အောင်ပင်။
" ဒီလောက်မှောင်နေတာကို... ဘာလို့ဝင်သွားရတာလဲကွာ...."
ဘောင်းဘီအိတ်ထဲမှ ဖုန်းအားထုတ်ကာ မီးဖွင့်လိုက်ပြီး ဘုရားဟောင်းပျက်ကြီးထဲသို့..လှမ်းဝင်လိုက်မိသည်။
ပင့်ကူမျှင်တန်းများက နေရာမလပ်သွယ်တန်းနေပြီး တချို့နေရာတွေဆို ပြိုကျပျက်စီးနေလေသည်။
" ကျွီ့ကျွီ့..... ဝှီး... ဝှစ်:.."
" အား......"
မြေကြွက်ကြီးတစ်ကောင်က ခေတ်ခြေထောက်အား ဖြတ်လျှောက်သွားတာမို့ လန့်ကာ အော်မိခြင်းဖြစ်သည်။
ESTÁS LEYENDO
ဒဏ္ဍာရီ ( COMPLETED)
Ficción históricaZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️