တဖောက်ဖောက်နှင့်မြည်နေသည့် မီးပုံလေးကလွဲရင် တောအုပ်ကြီးတစ်ခုလုံးမှောင်ပိန်းနေသည်မို့.... မိုင်းမှာ လှုပ်စိလှုပ်စိနှင့် ဂနာမငြိမ်ဖြစ်နေရတော့သည်။
ဖုန်းကြည့်မယ်ဆိုပြန်တော့လဲ ကိုခေတ်ကဘယ်နားဖွက်လို့ဖွက်ထားမှန်းမသိ။
သူကတော့ ဆင်လာတောင်မနိုးတော့သည့်ပုံစံဖြင့် ကုလားသေ ကုလားမော တဲလေးထဲတွင် အိပ်နေသည်မှာ အသက်ရှူသံလေးတောင်ထွက်လို့။ ဟောက်သံမကြားရလို့သာတော်တော့သည်။
အိပ်မပျော်လို့ ဟိုနားဒီနား လမ်းလျှောက်မယ်အပြု တချွတ်ချွတ်နှင့် အသံကြားလိုက်သည်မို့ မိုင်းမှာလှည့်တောင်မကြည့်တော့ဘဲ ခေတ်ရှိရာ တဲလေးဆီသို့သာ တန်းနေအောင်ပြေးလာတော့သည်။
အသံကြားသည့်ဘက်ကို လှည့်တောင်မကြည့်ရဲတော့ဘဲ ကိုခေတ်အနားတိုးကာ လှဲချလိုက်ပြီး မျက်လုံးအစုံကိုတော့ အတင်းဘဲ ဖိပိတ်ထားလိုက်မိသည်။
ပျူတွင်ဖြစ်ခဲ့သည့်အဖြစ်အပျက်များအပြီးတွင် ကျွန်တော့ရဲ့အကြီးမားဆုံးအားနည်းချက်က ယောကျင်္ားတန်မဲ့ သရဲကြောက်တတ်လာပြီး နဲနဲမှောင်လာပြီဆိုတစ်ယောက်တည်းမနေရဲ့တော့တာဖြစ်သည်။ ငါကယောကျင်္ားလေးဆိုပြီး အားတင်းနေခဲ့ပေမယ့် ဘယ်လိုမှ ဆက်ပြီးနေလို့မရအောင် မသိစိတ်ရော အသိစိတ်ရောကပါ ကြောက်ရွံ့နေတော့သည်အထိ။
တချွတ်ချွတ်နှင့် ဘာမှန်းမသိသည့်အသံက နီးသထက်နီးလာသည်မို့....
" ကိုခေတ်..... ကိုခေတ်...."
ကိုခေတ်အားလေသံတိုးတိုးလေးဖြင့် နှိုးမိတော့ ချက်ချင်းဆိုသလို နိုးထလာကာ....ရုတ်တရက်ထထိုင်လိုက်ပြီး စိုးရိမ်တကြီးမေးလာသည်မို့ ဘာမှန်းမသိဘဲ ရင်တစ်ခုလုံးနွေးထွေးသွားရသည်။
ကျွန်တော်တချိန်လုံးတောင်းတနေခဲ့ရတာ အခုလို စိုးရိမ်တကြီးကိုယ့်ရှေ့ကမားမားမတ်မတ်ကာကွယ်ပေးခဲ့တဲ့ကိုခေတ်ကိုသာ။
" ဘာဖြစ်လို့လဲ..... တစ်ခုခုဖြစ်လို့လား..."
" အင်း... အသံ.... အသံတွေကြားနေရလို့....."
ESTÁS LEYENDO
ဒဏ္ဍာရီ ( COMPLETED)
Ficción históricaZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️