" မိုင်း ကိုယ်ရွာထဲ..ဆန်ပြုတ်သွားဝယ်လိုက်ဦးမယ် Hotel မှာမင်းစားလို့ရတာဘာမှမရှိဘူး..... အဖျားရှိနေသေးတော့ ထမင်းမစားစေချင်သေးလို့..."
" အင်း..."
နွမ်းဖတ်ဖတ်မျက်နှာလေးနှင့် သူအဆင်ပြေပါတယ်ဆိုတဲ့ပုံစံလေးကိုက ခေတ်မှာစိတ်မချနိုင်။" ကိုယ် ငြိမ်းသော်တို့ကို ခဏလာစောင့်ခိုင်းလိုက်မယ်."
" ရပါတယ်ဗျာ.... မိုးမှမချုပ်သေးတာ.... ကျွန်တော်နေရဲပါတယ်..."
" အဲဆို ခဏပဲနော် ကိုယ်မြန်မြန်သွားပြီး မြန်မြန်ပြန်ခဲ့မယ်......."
ညနေ နေဝင်ရီတရော အချိန်လေးမို့ သိပ်ပြီးစိတ်မပူရသေးပေမယ့် ငြိမ်းသော်တို့အား ခဏစောင့်ပေးဖို့ရာ တောင်းဆိုရဦးမည်။
" ငြိမ်းသော်.... ပိုင်စေ.... ငြိမ်းသော်...."
တံခါးခေါက်ကာ အော်ခေါ်နေသည့်တိုင် အခန်းထဲမှ ထွက်မလာကြသည်မို့....
" ဘယ်ထွက်သွားပြန်ပြီလဲကွာ...."
ဒီရောက်ကတည်းက သူ့တို့ကောင်မလေးတွေနဲ့သွားနေရသည်မှာ မမောနိုင်မပန်းနိုင်။ ကိုယ့်ကိုရှိတယ်လို့ပင်မထင်မှတ်ကြတော့။ တော်တော်ကောင်းတဲ့ကောင်တွေ....။
ဖုန်းဆက်ကြည့်တော့လဲ မကိုင်တာမို့... ဒီအတိုင်း ရွာဘက်သို့သာ ခပ်သွက်သွက် ထွက်လာခဲ့လိုက်၏။
@@@@@@@@@@@@
" ဒီနေ့မဖွင့်တော့ဘူး ကောင်လေးရေ... ဒီနေ့က ပွဲတော်ရက်ဆိုတော့ ပွဲစျေးမှာပဲသွားရောင်းကြတယ်ကွဲ့.... "
ခေတ် ဆိုင်ရှေ့မှာယောင်လည်ယောင်လည်လုပ်နေသည်မို့ အဘတစ်ယောက် ထွက်လာကာ ရှင်းပြနေခြင်းဖြစ်သည်။
" ဒီနေရာနဲ့ဆို ပွဲစျေးက ဝေးလား အဘ...."
" သိပ်မဝေးဘူး ကောင်လေးရ.... ဆိုင်ကယ် ကယ်ရီနဲ့သွားလိုက်လေ...၁၀ မိနစ်လောက်ပဲကြာမှာ...."
၁၀ မိနစ်လောက်က သိပ်မဝေးတာမို့ အနီးအနားက ဆိုင်ကယ် ကယ်ရီအားခေါ်ကာ ပွဲစျေးဘက်ထွက်လာခဲ့လိုက်၏။
@@@@@@@@@@@@
ပွဲစျေးထဲ ဆန်ပြုတ်ဆိုင်အား ရှာဖွေရသည်မှာ သဲထဲ အပ်ပျောက်သလိုပင် ခက်ခဲလှသည်။ ဟိုမေးဒီမေးနှင့်မေးပြီးမှ ဆန်ပြုတ်ဆိုင်လေးသို့ရောက်ရှိလာခဲ့ရသည်။
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️