" သား.... ပစ္စည်းတွေသေချာထည့်ပြီးပြီလား... ကျန်ခဲ့ဦးမယ် သေချာထည့်သွား....."
" ဟုတ်ထည့်ပြီးပါပြီလေးရဲ့... "
" ရော့ရော့ လမ်းသွားလမ်းလာကားမူးနေဦးမယ် အဘထရှူဆေးဘူးလေးဆောင်သွား... "
လေး...သုံးနေကျဖြစ်တဲ့ဆေးဘူးလေးအား အိပ်ယာဘေးကနေ ထယူကာ မိုင်းအားပေးရင်း စိတ်ပူနေဟန်ဖြစ်နေသည့် လေးကြောင့်
" စိတ်ပူနေလားလေး.... သားကအရွယ်ရောက်နေပါပြီ... ကလေးတစ်ယောက်လိုမျိုးလိုက်မပူပါနဲ့... လေးစိတ်ပင်ပန်းနေမယ်...."
" အို ... လေး သားတွေအတွက်ပူတာပဲ ပင်ပန်းတယ်ဆိုတာရှိပါမလား..... ကဲကဲပစ္စည်းတွေစုံရင် ထွက်တော့လေ... သူငယ်ချင်းတွေစောင့်နေရရင် အားနာစရာကြီး....."
" လေး...သားကန်တော့သွားချင်လို့.... "
" အော် အင်းအင်း.... သာဓုသာဓုသာဓု.... လေးသားလေး အသွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေကွယ်.... လမ်းသွားရင်လဲ ဘုရားတရားမမေ့နဲ့နော်သား...."
" ဟုတ်လေး....."
" ကဲကဲ.... သွားတော့...."
လေးပြောမှ နာရီလှမ်းကြည့်တော့ ကိုးနာရီပင်ထိုးတော့မှာမို့ ကျောပိုးအိတ်လေးအားလွယ်လိုက်ကာ လေးနှင့် ပြုံးချိုအား သေချာနှုတ်ဆက်ပြီး လမ်းထိပ်သို့ထွက်လာခဲ့လိုက်၏။
ကိုးနာရီထိုးနေပြီမို့ လူတော့မပြတ်သေးပေမယ့် တိတ်တိတ်ဆိတ်ဆိတ်တော့ ဖြစ်သွားသည်မို့ ဟိုကြည့်ဒီကြည့်နှင့် ရောက်မလာသေးသည့် ကားအား လမ်းထိပ်က အုတ်ခုံလေးတွင် ထိုင်စောင့်နေလိုက်၏။
လျှာဦးထုတ် အနက်လေးအား ခပ်ငိုက်ငိုက်ဆောင်းကာ ကျောပိုးအိတ်ထဲမှ နားကျပ်အားဆွဲထုတ်လိုက်ပြီး အခုထွက်နေတဲ့ ကော်နီရဲ့ဆေး အား မိုင်ကုန်ဖွင့်ကာ နားထောင်နေလိုက်၏။
ဆောင်းတွင်းဝင်တော့မှာမို့လားမသိ ချမ်းစိမ့်စိမ့်ဖြစ်လာသည်မို့ ဝတ်ထားသည့် Hoodie အကျႌမှာပါသည့် ခေါင်းစွပ်လေးအား လျှာဦးထုတ်လေးပေါ်တွင် ထပ်ဆောင်းလိုက်ရင်း သီးချင်းလေးအား လိုက်ဆိုနေမိသည်။
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️