Part-14

14.1K 1.5K 7
                                    

အခန်းထဲတွင် မိသားစု စုံညီစွာထိုင်နေခြင်းက အများသူငှာတွေလို ငြိမ်းချမ်းပျော်ရွင်ဖွယ်ရာဖြစ်ဖို့မဟုတ်။ ထိုအပြင် လိုအပ်သည်ထက် တိတ်ဆိတ်နေခြင်းကလည်း ကောင်းတဲ့အလားလားမဟုတ်ဘူးဆိုတာ ပို၍ပင်သိသာစေပြန်သေး၏။
ဦးနေခေတ် သက်ပြင်းအရှည်ကြီးချကာ....

" ပြီးခဲ့တာလဲ ပြီးနေပြီပဲဗျာ... နောင်နောင် အဲလိုထပ်မဖြစ်အောင် ဂရုစိုက်ပေးဖို့မှာပါရစေ... ကျွန်တော့ကလေးမှမဟုတ်ဘူး ဘယ်သူ့အပေါ်မှ ဒီလိုအပြုအမူတွေထပ်မလုပ်မိပါစေနဲ့...."

ပြောနေသည့် ပါပါး အားကြည့်ကာ ခေတ် နှုတ်ခမ်းတစ်စုံ မဲ့ကျသွားခဲ့၏။

*** ဘယ်တုန်းကမှ ကျွန်တော်လိုချင်တာတွေ ဖြစ်ချင်တာတွေကို ပါပါး ဖြည့်ဆည်းပေးခဲ့တာမဟုတ်ဘူး.... ကျွန်တော့ရင်ထဲ ဘာတွေဖြစ်နေတာလဲဆိုတာမြင်အောင်ကြည့်ခဲ့တာမှမဟုတ်တာ... ပါးသိတာ ဒီရာထူး မပြိုလဲသွားဖို့ပဲ... မြဲနေဖို့ပဲမလား...****

တစ်ဖက်က လာတောင်းပန်နေသည့် ငြှိုး၏ မိဘတွေကို လည်း အားနာ မနေတော့ဘဲ ခြံထဲသို့ဆင်းလာခဲ့လိုက်သည်။ အသံတိတ်ပြောနေသည့် မာမား၏ မျက်ဝန်းတစ်စုံကိုလဲ လစ်လျှူရှုပစ်ခဲ့၏။

ခြံနောက်ထဲရှိခုံတန်းလေးတွင် လှဲချပစ်လိုက်မိသည်။ ခြံထဲတွင် အိမ်အကူများက အိပ်ယာခင်းများလှန်းနေသည်မို့ လစ်လျှူရှုကာ မျက်လုံးမှိတ်မယ်ကြံတုန်း မြင်လိုက်သည့် အဖြူရောင် ချွေးသုတ်ပုဝါးလေး...။ ငေါက်ခနဲ ထထိုင်လိုက်ကာ လှန်းထားသည့် ထိုပုဝါလေးရှိရာသို့သွားလိုက်မိသည်။

" အန်တီ... ဒါလေးက လျှော်ထားပြီးသား မလား..."

" ဟုတ်တယ်သားရဲ့ ခြောက်တောင်ခြောက်နေပြီ မီးပူတိုက်မယ်ကြံတော့ သွေးနဲနဲစွန်းနေသေးလို့ ချွတ်ဆေးနဲ့ပြန်လျှော်ထားတာ..."

အဲဒီနေ့က ဒီပုဝါလေးကို ယေးက လွှင့်ပစ်မယ် လုပ်နေလို့ မနည်းတားထားရသေးသည်။ ယေးကတော့ပြောရှာပါတယ်...' သွေးတွေပေနေပြီကို လွှင့်ပစ်လိုက်တော့' တဲ့။ ဟင့်အင်း... ပိုင်ရှင်ဆီပြန်ပေးရဦးမှာ... ။ အတွေးထဲ ပုဝါလေးရဲ့ပိုင်ရှင်မျက်နှာပေါ်လာသည်နှင့် ခေတ်ပါးချိုင့်လေးနှစ်ဖက် ခွင့်ဝင်ခြင်းတို့ဖြစ်တည်၏။

ဒဏ္ဍာရီ ( COMPLETED)Donde viven las historias. Descúbrelo ahora