နိုင်ငံရေးအကြီးအကဲများနှင့်Meeting ခန်းအတွင်းအတူတူထိုင်နေရသည်က ခေတ်အတွက်တော့ နည်းနည်းစိတ်ကသည်းကအောက်ဖြစ်နေစေ၏။
အေးစက်နေသည့်လက်ဖဝါးနှစ်ဖက်အား အချင်းချင်းပွတ်တိုက်ကာ စိတ်ကျင်းကျပ်အနေခက်မှုကိုဖြေဖျောက်နေလိုက်မိသည်။
" အဟမ်..... သားကဦးတို့ရှေ့အနေရခက်နေတာလား...... ဘာမှစိတ်ဖိစီးမှုတွေဖြစ်မနေပါနဲ့...သက်တောင့်သက်သာပဲနေပါကွ...."
ဥပတိရုပ်ကောင်းကောင်းနှင့်ဦးလေးတစ်ယောက်ကပြောလာသည်မို့ ခေတ် တင်းနေသည့်စိတ်များလျော့ချပစ်လိုက်ပေမယ့် လျော့ပါးမသွားခဲ့။
ခေတ်မျက်လုံးများက Meeting အခန်းထဲမှ လူတွေကိုကျော်ကာ CCTVတွင်ပေါ်နေသည့် အကွက်လေးကိုသာစူးစိုက်ကြည့်နေလိုက်ပြီး...
" ဟို ဒီအခန်းထဲနောက်တစ်ယောက်ခေါ်ခွင့်ရှိလားဗျ....."
ကျွန်တော့အမေးကြောင့် ထိုလူများက ကျွန်တော်ကြည့်နေ သည့် ဖန်သားပြင်ပေါ်သို့မျက်လုံးများစုပြုံရောက်လာကြကာ....
" အင်း...."
ထိုလူများက စဉ်းစားတွေဝေသလိုမျိုး အင်းအဲလုပ်ကာ ခေတ္တာတိတ်ဆိတ်သွားသောကြောင့်
" သူကကျွန်တော့အတွက် မိသားစုပြီးရင် အရေးပါဆုံးတစ်ယောက်သောသူမို့...."
" OK... OK..."
သူတို့ထံမှ ခွင့်ပြုချက်ရသည်နှင့် ခေတ်အခန်းအပြင်ဘက်ပြေးထွက်လာမိသည်။
ဧည့်ခန်းက ခုံလေးတွင် ဂနာမငြိမ်ဖြင့် ခြေထောက်တစ်ဖက်တလှုပ်လှုပ်နှင့် ကျွန်တော်ဝင်သွားသည့် အခန်းဘက်ကိုသာ စိတ်ပူစွာကြည့်နေသည့် မိုင်းကို တစ်ယောက်တည်းထိုင်စောင့်နေစေဖို့ အသည်းကမမာလေတော့ အပြေးလာခေါ်မိခြင်းဖြစ်သည်။
ကျွန်တော်ကိုက သူမရှိတဲ့နေရာ သူမရှိတဲ့အချိန်တွေမှာဆို အားကုန်နေတဲ့ ဓာတ်မီးလိုပဲ မှိတ်တုတ်မှိတ်တုတ်နဲ့ အင်အားတွေသူ့အလိုလိုကုန်ခမ်းနေတတ်တော့တာ...။
" မိုင်း....."
" ဟင်.... မြန်လိုက်တာ..... ပြောခဲ့ပြီးပြီလား..."
YOU ARE READING
ဒဏ္ဍာရီ ( COMPLETED)
Historical FictionZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️