မိုးစုတ်စုတ်ချုပ်ပြီမို့ တောထဲမှ ငှက်ဆိုးငှက်ကောင်း အော်သံ တွန်သံတွေက ခြောက်ခြားဖွယ်ဖြစ်နေတော့သည်။ ညနက်အချိန်ထိ ဇွဲကြီးစွာ ရှာဖွေနေခြင်းက အတော့်ကိုအခြေအနေမကောင်းတာမို့ မီးပုံခြင်းမရှိဘဲ အနွယ်တို့ အမှောင်ရိပ်ခိုနေကြရသည်။ မှောင်မိုက်နေခြင်းအပြင် တောနက်ကြီးထဲမှာမို့ ခြင်များလာကိုက်နေသည်ကိုလဲ ခါးစည်းခံနေရသေးသည်။
ထိုလူ၏မြင်းက အတော်လိမ္မာပါးနပ်သည်ဟုဆိုရမည်။ လုံးဝလှုပ်ရှားမှုမရှိ အသံထွက်ခြင်းမရှိ သခင့်မျက်နှာကိုကြည့်ပြီး မြေပြင်တွင် ဝံ့ဆင်းကာ ထိုင်နေလေ၏။
" အမိ ခြင်အရမ်းကိုက်နေလား...."
" ဟုတ်တယ်အကိုတော်...."
" ကျုပ်လည်းအရမ်းခြင်ကိုက်နေပြီ... ဟိုလေ... တမျိုးမထင်ဘူးဆိုရင်.... ဟင်း...ဘာမှမဟုတ်တော့ဘူး"
ထိုလူသည် ပြောရခက်နေဟန်ဖြင့် လည်ပင်းအားပွတ်ကာ သက်ပြင်းချနေသည်မို့....
" အနွယ်ရဲ့အရှက်နဲ့အသက်ကိုကယ်ခဲ့တဲ့ဒီက အကိုတော် အပေါ်မှာ တမျိုးထင်မယ့်စိတ်အလျင်းမရှိပါဘူး... အခုချိန်မှာ တစ်ယောက်ကိုတစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေနေရတာလေ... တစ်ယောက်အခက်အခဲ တစ်ယောက်ပြောပြမှ ကူညီဖြေရှင်းပေးနိုင်မှာပေါ့... ဘာများအလိုရှိလို့ အခုလိုစကားပြောရမှာ အခက်အခဲဖြစ်နေရတာပါလဲ..."
အနွယ်မှာ ထိုလူပြောရအဆင်ပြေအောင် လမ်းခင်းပေးမှ အားတုံ့အားနာဟန်ဖြင့်....
" ကျုပ်လဲ ခြင်ကိုက်နေပြီ... ကျန်တဲ့အချိန်တွေက အကိုက်ပဲခံရရ မအိပ်ဘဲနေရရ နေနိုင်ပေမယ့် မနက်ဖြန်ဆက်ပြေးရမှာဆိုတော့ အိပ်ဖို့လိုနေပြီ... ဒါပေမယ့်ခြင်ကိုက်လို့ အိပ်လို့မရဘူး..."
" ဟုတ် အနွယ်ဘာများလုပ်ပေးရမလဲ..."
" ဟို... ကျုပ်ပြောချင်တာက ဝတ်ရုံကို အတူတူခြုံကြမယ်လို့..."
" အော် ရပါတယ် အကိုတော်ရယ်...."
အနွယ် ရစ်ပတ်ဝတ်ဆင်ထားသည့် ဝတ်ရုံအား ခွာချလိုက်မှ ထိတ်လန့်သွားမိသည်။ အနွယ့်မှာ အတွင်းခံအပါးတစ်လွှာပဲကျန်ရှိနေတာကို အခုမှ သတိရသွားတာမို့ ရှေ့ဆက်မလှုပ်ရဲဘဲဖြစ်သွားရသည်။ အနွယ်တွေဝေနေခြင်းအပေါ် ထိုလူက စိတ်မရှည်ဟန်ဖြင့် ဝတ်ရုံအားဆွဲယူကာ ခြုံလွှမ်းလိုက်ပြီး အနွယ်အား သူ့ရင်ခွင်ထဲသို့ ဆွဲယူပွေ့ဖက်လိုက်သည်မို့ အနွယ် ကျုံ့ကျုံ့လေးပါသွားရသည်။
VOCÊ ESTÁ LENDO
ဒဏ္ဍာရီ ( COMPLETED)
Ficção HistóricaZawgyi & Unicode ဘဝဆက်တိုင်း ကျွန်တော်တို့ နှစ်ဦးသား ပေါင်းဖက်ရစေလား ❤️