[Zawgyi]
'' ဘာဖြစ်လို့လဲကွ ''
တစ်ဖက်မှ Joe၏ ပေါ့ပျက်ပျက်အသံကို သူမကျေနပ်။ သူက အစကတည်းက ဒီကိစ္စကို သိပ်တောင် လုပ်ချင်ခဲ့တာမဟုတ်ခဲ့သူ။
ဘယ်ကဘယ်လို လက်စပျောက်နေမှန်းမသိသည့် Arthit Rojnapat ဆိုသူနှင့် သူက ရုပ်တူနေသည်ကို Joe က အခွင့်ကောင်းယူကာ ဒီဇာတ်ကို စ 'က' ခဲ့မိခြင်း။
အစကတည်းက လူအင်အားတွေနှင့် သခင်လေး Arthit ဆိုသူကို လိုက်ရှာနေမှန်း သတင်းကြားသော်လည်း ကိုယ်နှင့်မဆိုင်သည်မို့ သိပ်ဂရုမစိုက်မိခဲ့။ အခုတော့ ကိုယ့်ဘာသာကိုယ် Joe နှင့် ကလပ်မှအပြန် လမ်းတစ်နေရာတွင် သခင်လေး Arthit အဖြစ် အထင်မှားခံလိုက်ရသည်လေ။
ဒါကို ကလိန်ကျသည့် နေရာတွင် ဆရာတစ်ဆူဖြစ်သည့် သူငယ်ချင်းလေး Joe က အခွင့်ကောင်းယူကာ ဇာတ်ပင်မတိုက်ပဲ ထကခဲ့၍ သူပါ မီးစဉ်ကြည့်ကခဲ့သည်ကိုတော့ တစ်ဖက်က မည်သူမျှ မရိပ်မိခဲ့ကြ။
သူတို့အစီအစဉ်ကတော့ သူ ထိုသူဌေးသားလေးအဖြစ် ခဏဟန်ဆောင်ပြီး ပိုင်ဆိုင်မှုတစ်ချို့ကိုယူရန်သာ ဂွင်စဖန်ခဲ့သော်လည်း အခုတော့ ငါးပါးမှောက်ချေပြီ။
ကံကြမ္မာကြီးရဲ့ အကျီစားသန်ပုံကတော့ သခင်လေး Arthit ဆိုသူမှာ သူဌေးသားလေးမဟုတ်ပဲ ထိုသူယူမည့်ယောင်္ကျားဖြစ်သူ Kongpop ကသာ ကျိကျိတက်ချမ်းသာသော အခရာဖြစ်နေခဲ့သည်တဲ့လား။
အခုတော့ သူ့အဖြစ်သူ တွေးမိရင်း အက်ကွဲသံဖြင့် ဟက်တစ်ချက်ရယ်ရင်းသာ Joe ကို ပြန်ပြောလိုက်မိသည်။
'' အေး ငါတို့ plan ကတော့ သဲထဲရေသွန်ဖြစ်ပြီကွ တကယ်တော့ Arthit လင်ကမှ သူဌေးသားတဲ့လေ ''
'' ဘာ … ဘယ် … ဘယ်လို ''
အခုမှ စိတ်ဝင်စားဟန် အသံပြုလာသည့် Joe ကြောင့် သူ ပြောစရာရှိသည်ကို အကြမ်းဖျင်း ဆက်ပြောပြလိုက်သည်။
'' အာ ဒါဆို မင်းဘယ်လိုလုပ်မှာလဲ ''
'' ဘယ်လိုလုပ်ရမှန်း မသိလို့ မေးတာပေါ့ Joe ရ ငါတော့ ထွက်ပြေးချင်စိတ်ပေါက်နေတာပဲ သိတယ် ''
သူ ကုတင်ပေါ် ပစ်လှဲချကာ စုတ်သပ်ရင်း ပြောလိုက်သော်လည်း တစ်ဖက်မှ ဘာတုံ့ပြန်မှုမှ မရ၍ မျက်လုံးမှိတ်ထားလျက် မျက်မှောင်က အလိုလို ကြုတ်မိသွားသည်။
ВЫ ЧИТАЕТЕ
♠ မာယာလှည့်ကွက် ♠ [Z & U]
Фанфикшнသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...
![♠ မာယာလှည့်ကွက် ♠ [Z & U]](https://img.wattpad.com/cover/169003849-64-k531781.jpg)