♠မာယာလှည့်ကွက်♠ Part 12

1.8K 153 12
                                        

[Zawgyi]

'' Kong.… Kongpop … ငါ … ငါ ''

'' အာ ဆောရီး P' Arthit ''

'' ဟမ် ''

သူ ကားမမောင်းတတ်ကြောင်း ဘယ်လိုပြောရမှန်းမသိဖြစ်နေစဉ် ဆောရီးထပြောသော Kongpop ကြောင့် ဆင်ခြေဆင်လက်စဉ်းစားနေသော သူ့အတွေးများပင် ကြက်ပျောက် ဌက်ပျောက် ဖြစ်သွားရသည်။

'' P' ကားမမောင်းတတ်တာ ကျွန်တော် ရုတ်တရက် မေ့သွားတယ် တကယ်ဆောရီးပါ P' ရာ ''

'' အင် အင်း ရပါတယ် ''

ဘယ်လိုတောင် မဟာကံကောင်းမှုကြီးလဲဗျာ။ Arthit သည်လည်း ကားမမောင်းတတ်ဖူးတဲ့။ တော်သေးသည်။

' ဟူးး  တစ်တောင် ကျော်နိုင်ပြန်ပြီပေါ့ '

'' ဒါဆို P' ကို မနက်မှပဲ ဒရိုင်ဘာ သပ်သပ်ထားပေးမယ်နော် နောက်ဆို ဒီနေ့လို မသွားပါနဲ့ P' ရယ် P' က အခုဆို Suthiluck အိမ်တော်က သခင်လေးတစ်ယောက် ဖြစ်နေပြီလေ အဲ့ဒါကြောင့် သခင်လေးတစ်ယောက်လို ပြုမူဆက်ဆံပါနော် ''

'' ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ခင်ဗျားလေးတို့မျိုးရိုးရဲ့ ဂုဏ်သိက္ခာမကျစေရဘူး ဟုတ်ပြီလား ''

သူ ပက်ခနဲ ပြောရင်း Kongpop ကို စိတ်ပေါက်ပေါက်နှင့် ကျောခိုင်းပစ်ခဲ့သည်။ ရုတ်တရက် ထိုအတွေးတို့က ဘယ်လိုဝင်လာမှန်း မသိသော်လည်း Kongpop လုပ်ပေးသမျှသည် အချစ်မပါဘဲ ထိုဂုဏ်တွေ သိက္ခာတွေ အတွက်ဟု တွေးလိုက်မိလျှင် သူ Arthit ဖက်က အလိုလိုနာမိသည်။

မတွေ့ဖူးသော ရုပ်တူရုံဆိုသူလေးအတွက် ထိုမျှ မခံစားသင့်သော်လည်း သူ့ကိုယ်သူတောင် မသိလိုက်ဘဲ တစ်နေ့ထက်တစ်နေ့ ထို Arthit ဆိုသူကို မသိစိတ်က ရင်းနှီးကာ သံယောဇဉ်ဖြစ်လာနေမိသည်လားမသိတော့။

ထိုစဉ် သူ အပေါ်ထပ်တက်လာသည်အထိ နောက်က လိုက်မလာသော Kongpop ကြောင့် သူ မျက်ခုံးတွေ ပိုတွန့်ကွေးလာမိသည်။

' ဒင်းက ငါ့သဘောကို အလေးမထားဘူးဆိုတဲ့ သဘောပေါ့လေ '

သူ အခန်းတွင်း ဝင်ပြီး စာအုပ်ကို ဟိုလှန်ဒီလှန် လုပ်နေကာမှ အခန်းထဲ ဝင်လာသော Kongpop ကို သူမရှိသလိုသာ လျစ်လျူရှုထားလိုက်တော့သည်။

♠ မာယာလှည့်ကွက် ♠ [Z & U]Nơi câu chuyện tồn tại. Hãy khám phá bây giờ