Announcement

1.2K 62 2
                                    


သိပြီးသားသူတွေလည်း ရှိကြမှာပေမယ့် ထပ်ပြောချင်ပါတယ်နော်

"Umbrella" ☔
မိုးရာသီမှာ Peraya တွေ ရင်ခွင်ထဲက ချစ်ခြင်းတရားတွေကို နွေးထွေးလုံခြုံစေဖို့ ထီးကလေးတစ်ချောင်းကို SK fics ရေးနေကျ Author (၈) ယောက်က စာဖတ်သူတွေဆီ ပို့ဆောင်ပေးတော့မှာပါ။ အသစ်စက်စက် ဝတ္ထုတို ၈ပုဒ်ကို ပြုံးပြီး ရယ်ပြီး ငိုပြီး အမျိုးစုံဖီးလ်ပြီး ဖတ်ရမှာ 😉

Author တွေကတော့ -
1. Anna Lynn
2. Cha Hye Joon
3. Charm
4. Chonathar
5. Natpankalay
6. Teco
7. Yellowie Swan
8. Sam2bArtist တို့ပဲ ဖြစ်ပါတယ်။

မတူညီတဲ့ ရှုထောင့် ကနေ...
မတူညီတဲ့ အရေးအသားတွေ ...
မတူညီတဲ့ ဇာတ်လမ်းဇာတ်အိမ် ၈မျိုးနဲ့
မတူညီတဲ့ ပုံဖော်မှုတွေကနေ ရသမျိုးစုံပေးစွမ်းနိုင်မယ့်

တူညီတဲ့ ချစ်ခြင်းတရားတွေကို အခြေခံတဲ့
"UMBRELLA" ဆိုတဲ့ SK Authors (၈) ယောက်ရဲ့ ပထမဆုံးပေါင်းစည်းတင်ဆက်မှု...

မိုးဖွဲဖွဲရွာမယ့် ဇူလိုင်လထဲမှာ စာဖတ်သူတွေလက်ထဲ ထည့်ပေးနိုင်အောင် ကြိုးစားထားပါတယ်။ စာအုပ်က အထူကြီးမဟုတ်ပေမယ့် Peraya အားလုံးရဲ့ရင်ထဲကို ပြည့်ဝတဲ့ ချစ်ခြင်းတရားတွေ ခံစားရစေမှာပါ။

ဒါကြောင့် ဒီနေ့ည ၉နာရီကနေ စတင်ပြီး အားလုံးမျှော်လင့်နေကြတဲ့ "Umbrella" book လေးအတွက် အော်ဒါကောက်ပါတော့မယ်နော်။ ပျော်သွားကြလားဟင်?
ပျော်တယ်ဆို စာကအဆုံးထိ စိတ်ရှည်ရှည်လေးနဲ့ ဖတ်ပေးကြပါ။
အောက်မှာ အော်ဒါတင်ဖို့ အချက်လေးတချို့ကိုပြောပြပေးသွားပါမယ်နော်။

အော်ဒါကောက်မည့်ရက် - 10.6.2019 (ည ၉နာရီမှ) to 16.6.2019 (ည ၁၂နာရီထိ)

အော်ဒါတင်နည်း အဆင့်ဆင့် -

၁။ အားလုံးက အဆင်ပြေပြေနဲ့ စာအုပ်ရအောင် prepaid စနစ်နဲ့ ငွေကြိုလွှဲပေးဖို့ မေတ္တာရပ်ခံပါတယ်။
ငွေလွှဲနိုင်သော နည်းလမ်းများ
1. Wave Money
ဖုန်းနံပါတ် - 09973039347
password - 002662
2. KBZ acc - 04530104503021001 (Kyaw Myint Myat Thi)
3.AYA acc - 0054119010018689 (Myat Marlar Kyaw)

၂။ စာအုပ်တန်ဖိုး - 3500 ကျပ် + Deli ခ (မြို့တွင်း) - 1000 ကျပ်/ (နယ်) - 1500 ကျပ် ကျသင့်မှာပါ။

၃။ ငွေလွှဲပြီးတဲ့အခါ အထောက်အထား Screenshot နဲ့အတူ အောက်က အချက်တွေကို Peraya project SK facebook page chat box or Viber 09973039347 မှာ လာပို့ပြီး အော်ဒါတင်ပေးပါနော်။

အမည်ရင်း -
FB acc name -
နေရပ်လိပ်စာအပြည့်အစုံ -
ဖုန်းနံပါတ် -
မှာယူလိုသော အုပ်ရေ -

ဒါတွေအကုန်ပို့ပြီးရင်တော့ အကုန်လုံး ပြန်လည်စီစစ် စာရင်းသွင်းပြီး အော်ဒါ confirm ကုဒ်နံပါတ်လေးကို Peraya လေးတို့ဆီ 24 နာရီအတွင်း ပြန်လည်ပေးပို့မှာပါ။

Giveaway ပေးမယ့် Quizzes လေးတွေ ဖြေတဲ့အခါ အဲဒီ့ကုဒ်နံပါတ်နဲ့ အဖြေလာရေးပါနော်။ ဒါမှ အဖြေမှန်သူထဲက ကံထူးသူကို စာအုပ်နဲ့တကွ GA လက်ဆောင်လေးကို တစ်ပါတည်းထည့်ပေးလိုက်နိုင်မှာပါ။

Umbrella ကို ဘယ်လောက်တောင်ချစ်ပြီး မျှော်လင့်ပေးကြလဲဆိုတာကို နည်းအမျိုးမျိုးနဲ့ ပြသပေးကြတဲ့ peraya လေးတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ နောက်ပြီး စာအုပ်တောင် မဖတ်ရသေးဘဲ ကွန်ဖီးဒန့် လယ်ဗယ်တွေ ဆိုးဟိုက်ကြကုန်သော Peraya တို့ကြောင့်လည်း အရမ်း ကျေနပ်မိပါတယ်။

#UmbrellaForSK

♠ မာယာလှည့်ကွက် ♠ [Z & U]Nơi câu chuyện tồn tại. Hãy khám phá bây giờ