[Zawgyi]
* Wad မင်း စုံစမ်းစရာအလုပ် ထပ်ပေါ်လာပြီ *
* ဘာဖြစ်ပြန်ပြီလဲ Kong *
P' Arthit ရေချိုးခန်းထဲ ဝင်သွားသည်နှင့် Kongpopတစ်ယောက် Wad ဆီ ဖုန်းဆက်လိုက်သည်။ သူ့ကို လမ်းတွင် P' Arthit ပြောပြချက်အရ P' Arthit ကို ကယ်တင်ခဲ့သော Joe ၏ Mama သည် နယ်စပ်တွင် ဆေးသွားကုနေခဲ့ကြောင်း စိတ်ပူနေကြောင်း သိခဲ့ရသည်။
ထိုတဒင်္ဂ သူ P' Arthit အပူတွေကို ဖယ်ရှားပေးချင်မိသည့်အတွက် ဘယ်လိုလုပ်ပေးရမလဲ တွေးရင်းမှ Wad ဆီ အကူအညီတောင်းရန် စဉ်းစားမိခဲ့သည်လေ။
* ဒီ ရှန်ဟိုင်းမှာ နာမည်အကြီးဆုံး ဆေးရုံကို စုံစမ်းပေး P' Arthit Mama အတွက် *
* အင်း ဘယ်အတွက် အထူးလဲ *
* အဲ့လိုမသိသေးဘူး နယ်စပ်ထိ သွားကုနေတာတဲ့ ငါတို့နဲ့လည်း ကပ်လွဲသွားတယ် အဲ့ဒါ သူတို့ပြန်ရောက်ရင် Medical Check Up သဘောမျိုးကော အသေးစိတ် သေချာစစ်ပြီး ကုပေးချင်လို့ *
* အင်း ငါ စုံစမ်းပြီးရင် ပြန်ပြောမယ် မင်းကော ဘယ်တော့ ပြန်လာမှာလဲ *
* အင်း မရည်ရွယ်ပေမယ့် ငါတို့ နှစ်ယောက်တည်း သီးသန့်ဟန်းနီးမွန်း ဖြစ်သွားပြီ ဆိုတော့က နောက် နှစ်ရက် သုံးရက်လောက် လည်ဦးမယ်ကွာ ဖြစ်တယ်မလား အဲ့ဖက်က အလုပ်လည်း ပါးတုန်းဆိုတော့လေ *
* ဖြစ်ပါတယ်ကွာ ဒီဖက်က အေးဆေးပဲ ငါက မေးရုံမေးကြည့်တာ ကောင်းကောင်းဒိတ်ခဲ့ကွာ မင်းချစ်တတ်သွားတာ ဂုဏ်ယူတယ် Kong ဒါပဲနော် *
ဂွပ်ခနဲ ချသွားသော ဖုန်းကြောင့် Kongpop ဘာမှ ပြန်ပြောခွင့်မရလိုက်။ ချစ်တတ်သွားတာ ဆိုပါလား။ ဘယ်သူကလဲ။ သူကလား။ သူက စီနီယာအတွက် ဂရုစိုက်ပေးတာကို။ အင်း ဟုတ်တယ်။ စီနီယာမို့ ဂရုစိုက်ပေးတာပါ။
' အဲ့ စက်ရုပ်လူသားWad ဘယ်တုန်းက ငါ့ကိစ္စကို အဲ့လောက် စိတ်ဝင်စားသွားတာလဲ '
Kongpop စိတ်ထဲမှသာ ရေရွတ်ပြီး P' Arthit ဝင်သွားသော ရေချိုးခန်းတံခါးပေါက်ကို အကြောင်းမဲ့ ငေးကြည့်ရင်း သက်ပြင်းချနေမိသည်။
ထို P' Arthit သည် တစ်ခုခု ထူးဆန်းနေမှန်း သူရိပ်မိပါသည်။ စီးပွားရေးလောကတွင် ကျင်လည်လာသည်မှာ တစ်ရက်နှစ်ရက်မှ မဟုတ်တော့တာ။ သို့သော် ထို ထူးဆန်းသည်ကို သူ မရှာဖွေချင်သေး။ အဘယ်ကြောင့်ဆိုသော် ယခုအခြေအနေသည် သူနှင့် ပိုအဆင်ပြေနေ၍... ။
VOUS LISEZ
♠ မာယာလှည့်ကွက် ♠ [Z & U]
Fanfictionသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...
![♠ မာယာလှည့်ကွက် ♠ [Z & U]](https://img.wattpad.com/cover/169003849-64-k531781.jpg)