[Zawgyi]
'' P' Arthit ဒီရက်ပိုင်းထဲ အိမ်တော်ကို ဆင့်ခေါ်ခံရလိမ့်မယ် ''
စားပွဲအနီး ထိုင်ခုံတွင် သူနှင့်ဘေးချင်းကပ် ထိုင်နေရင်းမှ ကုတင်ပေါ် ပြန်ပြောင်းတက်ထိုင်ရင်း ပြောလာသည့် Kongpop။
'' Huh ? ''
သူ နားမလည်တဲ့ ဘာသာစကားတစ်ခုလို ထူးဆန်းတဲ့ အသုံးအနှုန်းကြောင့် မျက်လုံးလေးများ ပြူးကျယ်ကာ အံ့သြပြီး အသံထွက်သွားမိသည်။ ဟုတ်သည်လေ။ သူလို တရုတ်ပြည်နယ်စပ်တွင် ကျင်လည်လာရသူအဖို့ ထိုင်းစာကို အိမ်တွင်သာ ရေးဖတ်ပြောတတ်သည်ဆိုရုံ သင်ခဲ့ရသူမို့ ယခုလို စကားလုံးခက်ခက်တွေ မသိတာ မဆန်း။
အံ့သြသလို အကြည့်တွေနှင့် နားမလည်နိုင်စွာ ကြည့်လာသော Arthit ကြောင့် Kongpop ရုတ်တရက် ဘာဖြစ်သွားတာလဲ ဆိုသည့် အတွေးတို့နှင့် မေးလိုက်မိသည်။
'' ဘာကိုလဲ P' Arthit ''
'' ဘာလဲ ဆင့်ခေါ်တာဆိုတာ ''
'' အင် P' နားမလည်ဘူးလား ''
'' ဘာအသုံးကြီးလဲ အဲ့ဒါ တစ်ခါမှ မကြားဖူးဘူးကော ''
သူ့အဖြေကြောင့် Kongpop တစ်ယောက် အလိုလို မျက်မှောင်ကုတ်ပြီး ကြည့်လာသည်လေ။
'' အ ... အင် ငါ အဲ့ဒါတွေပါ မေ့သွားတာထင်တယ် အဟမ်း အဟမ်း ''
သူ့ကို သံသယမျက်လုံးမျိုးနှင့် ကြည့်နေသည်ဟု ထင်မိသည့်တစ်ခဏ သူ ပြာပြာသလဲ ပြန်ပြောလိုက်မိတော့မှ Kongpopက အဖြေပြန်ပေးလာသည်။
'' သြော် အင် အဲ့ဒါ ခေါ်တာကို ရှေးဆန်တဲ့ အသုံးအနှုန်းနဲ့ သုံးလိုက်တာလေ ''
'' အာ ခေါ်တာကို ပြောတာလား ''
Kongpop အဖြေကြောင့် ခေါင်းတငြိမ့်ငြိမ့်နှင့် မေးစေ့လေးကို လက်မနှင့် ပွတ်သလို လုပ်နေသော Arthit သည် ကလေးတစ်ယောက် အသစ်အဆန်း တစ်ခုခုကို သိလိုက်ရသည့်နှယ်။
'' P' Arthit နန်းသုံးတွေ ပြန်လေ့လာထားသင့်ပြီ ထင်တယ် ''
'' နန်းသုံး ? ''
မျက်လုံးလေး ကလယ်ကလယ်နှင့် ကြည့်လာပြန်သော Arthit ကို Kongpop သက်ပြင်းတစ်ချက်ချကာသာ ရှင်းပြလိုက်ရတော့သည်။
ESTÁS LEYENDO
♠ မာယာလှည့်ကွက် ♠ [Z & U]
Fanfictionသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...
![♠ မာယာလှည့်ကွက် ♠ [Z & U]](https://img.wattpad.com/cover/169003849-64-k531781.jpg)