[Zawgyi]
'' အဟစ် ဟွတ် ''
Mr.Rojnapat အိပ်ရာနိုးနိုးချင်း ဘာရယ်မဟုတ် ဘေးဘီဝဲယာ လိုက်ကြည့်မိတော့ ဆိုဖာပေါ်ဝယ် Kongpop ပါးကို နမ်းနေသော သားဖြစ်သူကိုမြင်ကာ ယောင်ပြီး တံတွေးသီးလိုက်မိတော့၏။
'' အာ Por နိုးလာပြီလား မြန်... မြန်လိုက်တာ ''
'' အေးကွာ အဲ့မျက်လုံးကလည်း ဒီနေ့မှ စောစောပွင့်သွားရတယ်လို့ အရေးထဲ တံတွေးပါ သီးသွားသေး... ဆောရီး သားတို့ရေ Por နှောင့်ယှက်မိသွားတယ် ''
Mr.Rojnapat ပြုံးစစနှင့် ပြောလိုက်တော့ Kongpop က မျက်နှာကြီးဖြီးပြီး ခေါင်းကုပ်နေကာ သားဖြစ်သူ Arthit ခမျာမှာတော့ မျက်နှာတစ်ခုလုံးရဲတွတ်ကာ အထစ်ထစ်အငေါ့ငေါ့ ပြန်ပြောလာတော့၏။
'' အဲ့...အဲ့လိုပြောတာ မဟုတ်... မဟုတ်ပါဘူး Por ကလည်း သားက သူ့ကို ကြပ်...ကြပ်ထိုးပေးနေတာပါ ''
'' အေးပါ သားရယ် Por က ဘာပြောလို့လဲ ဆက်လုပ်...ဆက်လုပ်ကြ ''
'' အာ Por နော် ရေ...ရေသောက်မယ်မလား သား...သားသွားခပ်ပေးမယ် ''
Mr.Rojnapat သားတွေ အနေမခက်အောင် စနောက်ခါမှ အရှက်ပိုသည်းပြီး အလုပ်မရှိ အလုပ်ရှာကာ အပြင်ထိထွက်သွားသော သားဖြစ်သူကြောင့် ခေါင်းတရမ်းရမ်းဖြင့်သာ ရယ်နေမိတော့သည်။
'' Por သက်သာရဲ့လား ''
'' သက်သာပါတယ် သားKong မင်း P' က အမြဲ အဲ့လိုပဲ အရှက်သည်းတာပဲလား ''
'' အဲ ... ဟို Por ရှေ့ဆိုတော့ ... ''
'' အေးလေ ကိုယ့်သားရဲ့အချစ်ရေးကို မျက်မြင်တွေ့လိုက်ရတော့ မျက်နှာပူသား ''
'' 55555++++ ''
'' နှစ်ယောက်သား ဘယ်လိုတောင် ရယ်နေကြကြတာလဲ အပြင်ကတောင် အတိုင်းသား ကြားနေရတယ် ''
အခန်းတွင်းဝင်လာရင်း Kongpopကို မျက်စောင်းထိုးကြည့်ကာ ပြောလိုက်သော သားဖြစ်သူကြောင့် Mr. Rojnapat ပြုံးရပြန်သည်။
'' သားတို့ကို Por မခွဲစိတ်ခင် ဒီလိုလေး အတူတွေ့လိုက်ရတော့ တကယ်ကျေနပ်သွားပါပြီ ''
'' Por... ''
Mr.Rojnapat စကားကြောင့် သူ ရေဂျားထဲမှ ရေကို ရေခွက်ထဲငှဲ့ရင်း တုံ့ခနဲဖြစ်သွားမိသည်။ ဘာပြသာနာမှမဖြစ်ပါဘူး ပြောထားသည်ကိုတောင် သားသမီးအရိပ်အကဲကို သိကာ စိုးရိမ်ပူပန်နေသည့် မိဘမေတ္တာ...။
ESTÁS LEYENDO
♠ မာယာလှည့်ကွက် ♠ [Z & U]
Fanficသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...