[Zawgyi]
Oon အမှောင်ခန်းထဲဝယ် ထိုနေရာမှ လွတ်မြောက်မည့်လမ်းကိုသာ အကြိတ်အနယ် စဉ်းစားနေမိတော့သည်။ အလကားနေရင်း ဒီဇာတ်ရှုပ်ထဲ ဇာတ်မြှုပ်ခံရလောက်အောင် သူ လုံးဝအငြိမ်မခံနိုင်ပါ။
အန်တီ Miranပြောသွားသော စကားတို့အရ သူ့ကို အလွတ်မပေးမည်မှာ သေချာသလောက်။ သူမကို လိမ်ညာရုံဖြင့် သူ့အား သတ်စရာအကြောင်းရင်း မရှိနိုင်။ တကယ်ပဲ သူက ဘယ်သူများလဲ။
Mr.Rojnapatတို့ မိသားစုနှင့်လည်း သက်ဆိုင်ခြင်းမရှိဟု အတည်ပြုထားခဲ့ပြီးပြီကို။ ဒါဆို အန်တီ Miranက ဘာတွေ ပြောသွားတာလဲ။ ထိုစဉ် တံခါးဖွင့်သံကြောင့် Oon အခန်းထောင့်ကို အလိုလို ပိုတိုးကပ်သွားလိုက်မိ၏။
'' Oon... Oon ''
ဘယ်သူက ကိုယ့်နာမည်ကို အခုလို ခိုးကြောင်ခိုးဝှက်ခေါ်နေမှန်း မသိသဖြင့် Oon အသံမပေးရဲသေး။ လူကလည်း ပိုကုပ်သွားမိသေးသည်။
'' Oon... Oon မင်းဘယ်မှာလဲ ငါ... ငါပါ ''
ဒီအသံသည် ရင်းနှီးနေသယောင် Kenn အသံလည်းမဟုတ်ဖူး ဘယ်သူ့အသံပါလိမ့်။ Oon အသံလာရာကို မမြင်ရမှန်းသိလျက် စိုက်ကြည့်မိနေစဉ် ရုတ်တရက် ပေါ်လာသည့်အလင်းရောင်ကြောင့် မျက်စိစူးပြီး မျက်လုံးများပင် အလိုလို မှိတ်လိုက်မိသည်။
'' Oon... ''
'' Ar... Arthit မင်းရောက်လာတယ် ''
Oon သူ့ပုခုံးတစ်ဖက်ကို ကိုင်လာသည့်သူကို မျက်လုံးဖွင့်ကြည့်မိတော့ ဖုန်းFlashမီးလေးနှင့် Arthit ဖြစ်နေသည်မို့ ပိုအံ့သြသွားမိ၏။
'' အင်... အင်းး ငါ မင်းကို လာခေါ်ထုတ်တာ ''
ပြောရင်း အလင်းရောင်ရအောင် ကိုင်လာသည့် ဖုန်းကို ဘေးချပြီး Oon ကြိုးများကို ဖြေပေးနေသည့် Arthitကြောင့် Oon ကြောင်ငေးနေမိသည်။
'' လာ လာ အမြန်ထ Kenn မသိခင် အမြန်ပြေးရမယ် ''
ကြိုးဖြေပေးပြီးသည်နှင့် ကြောင်ငေးကောင်းနေဆဲ Oonကို လက်မောင်းတွေမှတစ်ဆင့် ဆွဲထူကာ Kyang တံခါးပေါက်ဆီ ဦးဆောင်သွားလိုက်တော့၏။
'' ကဲ မသေခင် ထမင်းတစ်နပ်တော့ ရှယ်စားပေးရတယ်ဆိုတဲ့ စကားအတိုင်း...တိုင်း ... ဟင် မင့်... မင်းတို့...... ''
![](https://img.wattpad.com/cover/169003849-288-k531781.jpg)
ŞİMDİ OKUDUĞUN
♠ မာယာလှည့်ကွက် ♠ [Z & U]
Hayran Kurguသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...