[Zawgyi]
" P' Arthit ခုနထဲက ဘာတွေ ဒီလောက်စဉ်းစားနေတာလဲ ''
Kongpop တစ်ယောက် P' Arthitကို Mr.Rojnapat အိမ်တွင် သွားကြိုပြီး စားသောက်ဆိုင်တစ်ခုတွင် ညစာစားဖြစ်ကြသည်။ သို့သော် မျက်နှာချင်းဆိုင်တွင် ငူငူငိုင်ငိုင်ထိုင်ကာ အစားကောင်းကောင်း မစားဘဲ အတွေးလွန်နေသည့် P' Arthit ကို နောက်ဆုံးတော့ သူ မနေနိုင်စွာ မေးလိုက်မိသည်။
'' အင် ဘာမှ မစဉ်းစားပါဘူး ''
' မစဉ်းစားဘူးသာပြောတယ် အဲ့အိမ်ကပြန်လာပြီးကတည်းက ဂနာမငြိမ်နဲ့ အတွေးတွေ လွန်နေတာကို '
Kongpop သူ့အတွေးတွေကို စိတ်ထဲမှသာ ရေရွတ်လိုက်ပြီး …
'' ခုနထဲက အစားကို ကောင်းကောင်းမစားဘူး ငေးငေးငိုင်ငိုင်နဲ့ ဒီကြားထဲ P' Por နေမကောင်းပြန်ဖြစ်ထားသေးလို့လား ''
'' မဟုတ်ပါဘူး ငါ ခုနက နည်းနည်း စားထားလို့နေမှာ မင်းစားလေ ''
'' ကျွန်တော်က P' Arthit စားစေချင်လို့ ခေါ်လာတာကို P' က ကောင်းကောင်းမစားတော့ ကျွန်တော်လည်း ဘယ်စားဝင်ပါတော့မလဲ ''
'' အမလေး အေးပါကွာ စားပြီ စားပြီ ဟုတ်ပြီလား ''
သူ ရှေ့က ထမင်းကြော်ပန်းကန်ထဲမှ ထမင်းတစ်လုပ်ကို ပါးစပ်ထဲ ပလုတ်ပလောင်း ထည့်ပြရင်း ပြောတော့မှ ပါးစပ်ကို တစ်ရှုးဖြင့် လာသုတ်ပေးသည့် Kongpop လက်ကို ဖြတ်ခနဲ အလိုလို ပုတ်ထုတ်လိုက်မိသည်။
'' အာ P' Arthit ''
Kongpop သူ့လက်သူ ပွတ်ရင်း မျက်လုံးလေးစွေကာ တစ်ခုခုကိုပြမှ သူ မသိမသာ လှမ်းကြည့်လိုက်တော့ သူတို့ဖက်လှည့်ထားရင်း ပါးစပ်လေးတွေ အုပ်ကာ အုပ်ကာ တခိခိလုပ်လိုက် တစ်ယောက်ပုခုံးတစ်ယောက် ရိုက်ပုတ်လိုက်နှင့် တစ်ခုခုကို အသည်းယားနေပုံရသည့် ကျောင်းဝတ်စုံဆင်တူနှင့် ကောင်မလေးနှစ်ယောက်ကြောင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် Kongpop ဖက်ကို ကုန်းပြီး ခပ်တိုးတိုး မေးရသည်။
'' ဒါနဲ့ သူတို့တွေက ဘာဖြစ်နေတာတုန်း ''
'' ကျွန်တော်တို့ကို အသည်းယားနေတဲ့ Fujoshi ကျောင်းသူလေးတွေနေမယ် P' Arthit ''
ВЫ ЧИТАЕТЕ
♠ မာယာလှည့်ကွက် ♠ [Z & U]
Фанфикшнသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...
![♠ မာယာလှည့်ကွက် ♠ [Z & U]](https://img.wattpad.com/cover/169003849-64-k531781.jpg)