[Zawgyi]
'' P' Arthit ပြန်လာပြီလား ''
သူ အပြင်ကပြန်အလာ ဧည့်ခန်းထဲ ဝင်လိုက်သည်နှင့် အမေးခံလိုက်ရသည့် အသံကြောင့် ကြည့်လိုက်တော့ ကျွန်းခုံကြီးတွင် ဂျာနယ်တစ်စောင်ကိုင်ကာ ထိုင်နေသော Kongpop ကို တွေ့လိုက်ရသည်။
'' အင် အပြင်ခဏသွားတာ မင်း ပြန်ရောက်တာ စောသားပဲ ''
'' ဟုတ်တယ် P' ကို လွမ်းလို့လေ ''
သူ့အနားကပ်ရင်းပြောလာသော Kongpop လက်ကို တမင်ဆွဲကာ အပေါ်ထပ်တက်ဖို့ ခြေလှမ်းပြင်တော့ စပ်ဖြီးဖြီးနှင့် ပါလာသော Kongpop ရုပ်သည် အင်မတန့် အင်မတန် ကျေနပ်နေပုံမှာ သူများတွေ ပြောတတ်သည့် မှိုရသည့်မျက်နှာဆိုတာမျိုး ဖြစ်လောက်မည်ထင်သည်။
'' P' ဘယ်က ပြန်လာတာလဲ ''
မျက်လုံးပေါင်းစုံ လွတ်ကင်းရာ အိပ်ခန်းတွင်း ရောက်သည်နှင့် Kongpop လက်ကို လွှတ်ချကာ ကုတင်ပေါ် ပစ်လှဲလိုက်စဉ် အနောက်က တပ်ကြပ်မကွာ လိုက်လာပြီး မေးသော Kongpop ကြောင့် သူမှိတ်လက်စ မျက်လုံးများကို ပြန်ဖွင့်လိုက်ရသည်။
'' P' ကလည်း အဲ့လို မကြည့်ပါနဲ့ ကျွန်တော်က စိတ်ပူလို့ပါ ''
'' ပူစရာမလိုပါဘူး ငါက ဘာဖြစ်နေလို့လဲ ''
'' ဟော P' Arthit အတိတ်မေ့နေတယ်လေ အ ... ဒါမှမဟုတ် P' ပြန်သတိရလာပြီလား ''
'' ငါက သတိရမှ တစ်ယောက်ယောက်ကို သွားတွေ့နိုင်မှာလား သတိရဖို့ တစ်ယောက်ယောက်ကို သွားတွေ့တယ် ဆိုရင်ကော ''
'' ဟုတ်ပါပြီဗျာ မကြိုက်ရင်လဲ မမေးတော့ဘူး ဟုတ်ပြီလား ဒါနဲ့ P' ဘာနဲ့သွားတာလည်းတော့ မေးခွင့်ရှိတယ်မလား ကားမယူသွားဘူးဆို ''
သူ့အဖြေကြောင့် Kongpop မျက်မှောင်ကြုတ်ကာ မကျေနပ်ဟန်ပြသော်လည်း ထိုမေးခွန်းကို ဆက်မမေးတော့ဘဲ မေးခွန်းလမ်းကြောင်းပြောင်းမေးပေးသည်မို့ သည်အမေးကိုတော့ ပြန်ဖြေပေးလိုက်ပါသည်လေ။
'' အင်း Taxi နဲ့ပဲ သွားလိုက်တာ ''
'' ဘာလို့လဲ P' ရာ အိမ်က ကားတစ်စီးလောက်တော့ ယူသွားဖို့ P' မှာ အခွင့်ရှိပါတယ် ဘယ်သူ့မျက်နှာမှ ကြည့်စရာ မလိုဘူး ''
![](https://img.wattpad.com/cover/169003849-288-k531781.jpg)
أنت تقرأ
♠ မာယာလှည့်ကွက် ♠ [Z & U]
أدب الهواةသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...