[Zawgyi]
သူ နိုးလာလာချင်း မျက်လုံးက မဖွင့်သေးဘဲ ညက အဖြစ်ကို တွေးမိတော့ လူက အလိုလို ပြုံးမိသည်။ သို့သော် နံဘေးကို စမ်းမိတော့ အိပ်ရာအလွတ်ကိုသာ စမ်းမိသည်မို့ မျက်လုံးကို ဖွင့်အကြည့် အနားတွင် ဘယ်သူမှ ရှိမနေခဲ့။
' ဟင် Kongpop အစောကြီး အလုပ်ထသွားပြန်ပြီလား '
အတွေးတို့နှင့် သူ နာရီကြည့်လိုက်တော့ မနက် ၇နာရီပင် မထိုးသေး။ သူ ရေမိုးချိုးကာ အောက်ကို ဆင်းလာတော့ မယ်မယ်ကြီးတို့က ထမင်းစားပွဲကို ရောက်နှင့်နေပြီမို့ ခြေလှမ်းသွက်သွက်လှမ်းကာ အပြေးနှုတ်ဆက်လိုက်မိ၏။
'' တောင်းပန်ပါတယ်ဗျ ကျွန်တော် နည်းနည်းနောက်ကျသွားတယ် ''
'' အင်း ရပါတယ် သားArthit ညကလည်း သားKong ကို စောင့်ရင်း အိပ်တာ နောက်ကျတယ်ထင်တယ် ညက အဲ့ကလေး ပြန်မလာဘူးဆို ''
'' ဗျာ Kongpop မ...မပြန်လာဘူး ဟုတ်လား ''
မယ်မယ်လေးစကားကြောင့် သူအံ့သြစွာ မေးလိုက်တော့ သူ့ကို တအံ့တသြ ပြန်ကြည့်လာသည် မယ်မယ်လေး။
'' အင် ဟုတ်တယ်လေ ခြံစောင့်ပြောတာပဲ တစ်ညလုံး ပြန်မလာဘူးတဲ့ ဘာလို့လဲ သားရဲ့ ''
'' ဘာ... ဘာမှမဖြစ်ပါဘူး Kongpop တစ်ခါမှ အဲ့လို မလုပ်ဖူးလို့ပါ ''
'' ကဲ ကဲ စားကြရအောင် ''
မယ်မယ်ကြီးအမိန့်ကြောင့် သူ ခရင်းကို ကောက်ကိုင်လိုက်သော်လည်း မနက်စာကို အာရုံမရဖြစ်နေတော့သည်။ မနေ့ညက Kongpop ပြန်လာပြီး သူနှင့် ... သူနှင့်ပင် ... ။
မဟုတ်မှလွဲရော ညကအဖြစ်အပျက်တို့သည် အိပ်မက်များလား။
'' မယ်မယ်ကြီး သခင်လေး Arthit အတွက် ယာဉ်မောင်းရောက်လာပါပြီ ''
သူ အတွေးတို့ ရှုပ်ထွေးနေစဉ် ထမင်းစားခန်းဆီ အပြေးဝင်လာကာ မယ်မယ်ကြီးကို လျှောက်တင်သော အိမ်အကူတစ်ဦး။
'' အေး အဲ့ကောင်လေးကို ဧည့်ခန်းမှာ စောင့်ခို်င်းထားလိုက် ''
'' တင်ပါ့ မယ်မယ်ကြီး ''
အိမ်အကူကောင်လေး ဦးညွတ်ကာ ထွက်သွားပြီးမှ သူ မယ်မယ်ကြီးကို လှမ်းကြည့်ကာ သိချင်သည်ကို မေးလိုက်မိသည်။
ВЫ ЧИТАЕТЕ
♠ မာယာလှည့်ကွက် ♠ [Z & U]
Фанфикшнသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...
![♠ မာယာလှည့်ကွက် ♠ [Z & U]](https://img.wattpad.com/cover/169003849-64-k531781.jpg)