[Zawgyi]
Kongpop ထွက်သွားပြီးသည်နှင့် တံခါးပြန်ဖွင့်လာသံကြောင့် တစ်ခုခုများကျန်ခဲ့၍ ပြန်ဝင်လာတာလားတောင် Oonထင်လိုက်မိသည်။
'' Kong ဘာကျန်ခဲ့လို့လဲ ''
နောက်ကျောဖက်မှ ခြေသံကို ကြားလိုက်ရသော်လည်း ပြန်ဖြေသံမကြားသည်မို့ လှည့်အကြည့် ...
'' ဟင် မင်းး မင်းဘယ်လိုဝင်လာတာလဲ အခန်းထဲကို ... ''
'' လွယ်ပါတယ် ဒီအခန်းထဲ ဝင်ရတာများ... ကဲ Arthit ထလို့ရပြီ ''
Kenn ဝင်လာပြီး Arthitဖက်လှည့်ကာ ပြောလိုက်သည်မို့ Oon ကုတင်ကို လှမ်းအကြည့် ငေါက်ခနဲ ထထိုင်သော Arthitကြောင့် လူက နောက်လန်ကျမလိုပင် ဖြစ်သွားမိသည်။
'' Ar... Arthit မင်း သတိရနေပြီလား ''
'' သတိလား... အင်း သတိက အစကတည်းက ရနေတာပါ~ အန်တီ Miranက မင်းတို့အကြံတွေကို ကြိုသိလို့ ဟန်ဆောင်ခိုင်းခဲ့တာ တော်သေးတယ် ''
ကုတင်ပေါ် ထိုင်ကာ ပြုံးပြီးပြောနေသော Arthitစကားတွေကို သူ နားမလည်နိုင်တော့။
'' အကြံ... ဘာအကြံလဲ ''
'' Arthit စကားမရှည်နဲ့တော့ တော်ကြာ Kongpop ပြန်လာဦးမယ် အမြန်လုပ်ရအောင် ''
'' အိုကေ အိုကေ ''
Kenn စကားကြောင့် Arthitသည် ကုတင်ပေါ်က ပြေးထလာသည်မို့ Oon နောက်ကိုဆုတ်နေစဉ် အနောက်မှ Kennက သူ့နှာခေါင်းတွေအား ပိတ်စတစ်ခုနှင့် အုပ်လာသည်။
သူရုန်းကန်ပါသော်လည်း Arthitကပါ လက်တွေကို လိုက်လံဖမ်းချုပ်ထားသည်မို့ သိပ်ကြာကြာ မတောင့်ခံနိုင်တော့ဘဲ သူ့အသိအာရုံတို့သည် လောကကြီးနှင့် အဆက်အသွယ် ပြတ်သွားတော့လေသည်။
Arthitသည် ရုန်းကန်နေသော Oon ကို ကြည့်ရင်း ဘာရယ်ကြောင့်မှန်းမသိ ရင်ထဲက စူးခနဲအောင့်၏။ ရှန်ဟိုင်းတွင် Kenn နှင့်တွေ့ပြီး သူ့အတိတ်အကြောင်းတွေကို ပြန်သိခဲ့ရသည်။ Joe က Accident ဖြစ်ထားသည့်သူ့ကို ကယ်ထားဟန်ဆောင်ကာ အမှန်တကယ်တော့ဖြင့် Oon ကို အစားထိုးပြီး ငွေများအလစ်သုတ်ရန် ကြံစည်ထားသည်တဲ့လေ။
ထို့အပြင် အခုတော့ Kongpopကိုပါ အပိုင်သိမ်းပြီး သူ့ဖက်ပါအောင် ဘယ်လိုများ လုပ်ထားလဲမသိ။ တော်သေး၍ အန်တီ Miranက ဖြစ်နိုင်ခြေတွေ ကြိုပြောပြထားသည်မို့ ပွဲတွင် တမင် သတိလစ်ချင်ယောင်ဆောင်ခဲ့ရပြီး Oonနှင့် Kongpop ပြောသမျှကိုပါ ကြားခဲ့ရသည်။ တစ်ခုခုတော့ မှားနေသည်။ တစ်ခုခုမှားနေမှန်း သိသော်လည်း ဘာမှားနေမှန်းကို မသိတော့။
ESTÁS LEYENDO
♠ မာယာလှည့်ကွက် ♠ [Z & U]
Fanficသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...