[Zawgyi]
'' ဟင် Ar… Arthit ''
'' ဗျာ ကျွန်တော့်ကို ခေါ်တာလား ''
Prae ခေါင်းငြိမ့်ပြတော့ သူ့ကိုယ်သူ လက်ညှိုးထိုးကာ ပြောနေသည့် ကောင်လေးက ခေါင်းယမ်းပြီး ပြန်ပြောလာသည်လေ။
'' အာ မဟုတ်ပါဘူး Khun လူမှားနေတယ်ထင်တယ် ကျွန်တော့်နာမည်က Oon ပါ Khun ကို လှမ်းကြည့်ရင်း ထိုင်းလူမျိုးထင်လို့ လာကူညီတာ ''
'' သြော် ဟုတ်လား Phom သိတဲ့ လူတစ်ယောက်နဲ့ တော်တော်တူနေလို့ပါ ဆောရီးနော် ''
'' ဟုတ် ရပါတယ် Khun က ဆေးလာကုတာလား ''
'' မဟုတ်ဖူး ဘကြီးနဲ့ လိုက်လာပေးတာပါ အခုသူက သမားတော်ကြီးနဲ့ ခဏ သွားတွေ့နေလို့ ''
'' အာ ဟုတ် ဒါဆို နားနေဆောင်က စောင့်ပေါ့ ကျွန်တော် လိုက်ပို့ပေးပါ့မယ် ''
'' ကျေးဇူးပါ Khun ရယ် ''
တစ်ဖက်မှ ကောင်လေးက လူမှားနေကြောင်း အခိုင်အမာပြောနေတော့ Prae စိတ်ထဲ ဇဝေဇဝါဖြစ်သွားပြီး နားနေဆောင်ကိုသာ လိုက်ခဲ့လိုက်တော့သည်။ သို့သော် ဒဏ်ရာအချို့နှင့် ကောင်လေးသည် အဘယ်ကြောင့် Arthitနှင့် ဒီလောက် ရုပ်တူနေလည်းဆိုသည့် သံသယက စိတ်ထဲမှ ပျောက်မသွားခဲ့သည်မို့ နားနေဆောင်ရောက်သည်နှင့် စကားပြန်စလိုက်မိသည်။
'' Prae ပါ တွေ့ရတာ ဝမ်းသာပါတယ် ကူညီပေးတာလည်း ကျေးဇူးပါနော် Khun Oon ''
'' ဟုတ် ရပါတယ်ဗျ ''
'' ဒါနဲ့ Khun Oon ကကော ဆေးလာကုတာလား ''
'' ဟုတ်ပါတယ် Khun Prae ''
'' အာ Khun Oon မျက်နှာကဒဏ်ရာတွေ လာပြတာလား ''
'' ဟုတ်တယ်ဗျ အက်စီးဒင့်ကြောင့် တော်တော်ထိသွားတာမို့ပါ ''
'' အင် အက်စီးဒင့် ဟုတ်လား ဘယ်မှာ ဖြစ်ခဲ့တာလဲဟင် ''
'' ရှန်ဟိုင်းမှာပါ ''
'' ရှန်… ရှန်ဟိုင်း ဟုတ်လား ''
' အဖြစ်အပျက်တွေသည် ထိုမျှ တိုက်ဆိုင်လွန်းစရာ ရှိနိုင်လို့လား '
သူမစိတ်တွင်းမှသာ ငြီးတွားလိုက်မိကာ ထပ်မေးရန်အလုပ် အနားရောက်လာသော အသံတစ်ခု။
![](https://img.wattpad.com/cover/169003849-288-k531781.jpg)
YOU ARE READING
♠ မာယာလှည့်ကွက် ♠ [Z & U]
Fanfictionသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...