[Zawgyi]
'' အင်းလေ သားKongကလည်း အလုပ်ရှိသေးတာကိုး ''
Mr.Rojnapatဆေးရုံရောက်တော့ Kongpop အလုပ်သွားကြောင်း ပြောပြနေသည့် Kyangကို ပြန်ပြောရင်း သတိထားလိုက်မိသည်က ဖြတ်ခနဲလှုပ်သွားသည့် သားငယ်လေး၏လက်ညှိုးလေး။ အမြင်များမှားတာလား ဆိုပြီး နောက်တစ်ခေါက်ပြန်ကြည့်တော့လည်း ထပ်လှုပ်လာသည်မို့… ။
'' သားKyang … ဒီ ဒီမှာ မင်းညီ Oon … Oom လက်လေးလှုပ်သွားတယ် ''
'' ဗျာ ဟုတ် ဟုတ်လား … ''
ဖခင်ဖြစ်သူစကားကြောင့် Kyang လက်တွေကို အာရုံစိုက်မိတော့ ဖြည်းဖြည်းချင်း ဖြတ်ခနဲ ဖြတ်ခနဲ လှုပ်ရှားနေသည့် Oonလက်ချောင်းလေးတွေ။
'' Por သား ဆရာဝန်~ ဆရာဝန်သွားခေါ်ဦးမယ် ''
'' အေး အေး သား မြန်မြန်လေး ''
ဖခင်စကားကို ခေါင်းငြိမ့်ကာ Kyang အပေါက်ဝကိုအရောက် တံခါးဖွင့်ဝင်လာသော မယ်မယ်ကြီးနှင့် မယ်မယ်လေးကိုမြင်တော့ အမြန်လက်အုပ်ချီ နှုတ်ဆက်လိုက်မိသည်။
'' လောလော လောလောနဲ့ ဘယ်လဲ သားKyang ''
'' ဟို Oon လက်လေးတွေ လှုပ်နေလို့ပါ မယ်မယ်ကြီး အဲ့ဒါ ဆရာဝန် သွားခေါ်မလို့ ''
'' အယ် ဟုတ်လား အဲ့ဒါဆို မြန်မြန်သွားခေါ် ''
ဆရာဝန်ရောက်လာပြီး ဟိုဒီစမ်းသပ်နေစဉ် မျက်လုံးလေး ခပ်ဖြည်းဖြည်းပွင့်လာသည့် Oonကြောင့် Kyangလည်း Oonလက်လေးကို ဆုပ်ကိုင်လိုက်မိ၏။
'' အာ Oon မင်းသတိရလာပြီလား ''
Oon မျက်လုံးဖွင့်ဖွင့်ချင်း အနားမှာရှိနေသည့် သူချစ်ရသူတွေကို ပြုံးပြလိုက်မိသည်။ အခုတော့ သူ့ကို ဝိုင်းအုံကြည့်နေခဲ့သည့် Por၊ မယ်မယ်ကြီး၊ မယ်မယ်လေးနှင့် Arthitတို့ကြောင့် …သူ သေသွားသည်တော့ မဟုတ်တန်ရာ။
'' ကျွန်တော် မ… မသေဘူးပေါ့နော် ''
'' Por မယ်မယ်တို့ Oon… Oon … ''
'' အေး မြင်တယ် မြင်တယ်~ သမားတော်ကြီး အခြေအနေကို မြန်မြန်စမ်းသပ်ပေးပါကွယ် ''
စကားပြောလာသော သူ့ထက် ပိုစိတ်လှုပ်ရှားဟန်တူနေသည့် Arthitကြောင့် Oon ဂိုထောင်အတွင်းအခြေအနေတစ်ချို့က ခေါင်းထဲရောက်လာသည်။ သူ Kongကို အကူအညီတောင်းပြီး Arthitအား အပြင်ပို့ခိုင်းပြီးနောက် ပေါက်ကွဲထွက်လာသည့် အသံတစ်ခုနှင့်အတူ သိစိတ်တို့က ပြတ်တောက်သွားခဲ့သည်။ ကြားထဲ Kong၏ ဝိုးတဝါးအရိပ်ကို ဖြတ်ခနဲမြင်အပြီး သူ့ကမ္ဘာလေး မှောင်မိုက်သွားခဲ့သလိုပင်။
VOUS LISEZ
♠ မာယာလှည့်ကွက် ♠ [Z & U]
Fanfictionသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...