♠မာယာလှည့်ကွက်♠ Part 27

1.4K 126 7
                                        

[Zawgyi]

" ဘာလို့လဲ P' ကလည်း ''

သူ့နှာခေါင်းလေး ရှုံ့သွားမှုကြောင့် Kongpop က မေးလာသည်ကို သူ ပြန်မဖြေဘဲ ခေါင်းငုံ့နေမိသည်။

'' သြော် ဒီမှာ မိတ်ဟောင်းဆွေဟောင်းတွေ တွေ့နေကြတာလေ Khun Kongpop ရဲ့ ''

ထိုအချိန် P' Janee စကားကြောင့် သူ လက်ကလေး မြှောက်ကာ တားလိုက်သော်လည်း မမှီတော့။ Kongpop သည် P' Janee စကားကို အာရုံရသွားခဲ့ပြီ။

'' P' တို့က သိနေတာလား ''

'' ဟုတ်တယ် Khun တို့က အိမ်ထောင်ဖက်တွေမှန်း မသိခဲ့ဘူး အာ~ ဒါဆို N' Oon ရဲ့ မုန်းစရာကောင်းတဲ့ ယောင်္ကျားဆိုတာက ... ''

'' P' Janee... ''

Khun Jame စကားပြောနေသည်ကိုဖြတ်ကာ ထအော်လိုက်သော သူ့P'ကြောင့် ဆက်မပြောတော့ဘဲ ရယ်နေသည့် Khun Jame ကြောင့် Kongpop ကြောင်သွားရပြန်သည်။ Khun Nawanခမျာလည်း Kongpop နည်းတူ နားမလည်နိုင် ဖြစ်နေပုံရ၏။

'' ဘာတွေဖြစ်နေကြတာလဲကွာ ကိုယ်တကယ် နားမလည်တော့ဘူး Janee ''

'' သြော် ဒီလို P' Naရဲ့ တလောက P' Mae အိပ်မက်ယောင်ပြီး တိုက်ပေါ်က ပြုတ်ကျမလိုဖြစ်တာကို ကယ်ပေးတယ်ဆိုတဲ့ လူကလေ အဲ့ဒါ N' Oon ပဲ ''

'' ဟေ ဒါဆို N' Oon ဆိုတာက... ''

'' ဟုတ်တယ်လေ N' Oon နာမည်အရင်းက Arthitတဲ့ ခုနက Janee လည်း မမှတ်မိဘူး မြင်ဖူးပါတယ်ပဲ ထင်နေတာ။ ဆေးရုံမှာက ဒီလိုပြင်ထားတာ မဟုတ်တော့ အချင်းချင်း မမှတ်မိဘူး ဖြစ်နေခဲ့တာလေ ''

Khun Jame စကားတွေကို သဘောပေါက်ဟန်တူလာသည့် Khun Nawan သည်လည်း ခေါင်းတငြိမ့်ငြိမ် ဖြစ်နေစဉ် Kongpopတစ်ယောက်သာ အခြေအနေတွေကို ခုထိ ရေရေရာရာ နားမလည်သေး။ ထိုသည်ကို ရိပ်မိသွားဟန်တူသည့် Khun Jame က သူ့ဘက်လှည့်ကာ ပြုံးပြရင်း ရှင်းပြလာတော့လေသည်။

'' ဒီလိုပါ Khun Kongpop... တလောက ကျွန်မ ယောက္ခမ P' Nawan Mae က နှလုံးဖောက်ပြီး ဆေးရုံတင်လိုက်ရသေးတယ်လေ။ အဲ့မှာ ညသန်းခေါင်တစ်ခုမှာ ကျွန်မတို့ အလှည့်ကျ သေချာသွားစောင့်နေတဲ့ကြားက အငိုက်မှာ Mae က အိပ်မက်ယောင်ပြီး ဆေးရုံထဲ လျှောက်သွားရင်း ခေါင်မိုးထပ်ထိ ရောက်သွားတာ မသိခဲ့ဘူး ''

♠ မာယာလှည့်ကွက် ♠ [Z & U]Место, где живут истории. Откройте их для себя