[Zawgyi]
'' မယ်မယ်ကြီး နဲ့ မယ်မယ်လေး ကျွန်တော့ကို ခွင့်ပြုပါဦးခင်ဗျ ''
'' အေး အေး သားArthit ဂရုစိုက်သွားလာနော် ပစ္စည်းတွေကော စုံပြီလား ''
'' ဟုတ်ကဲ့ ''
'' စုံပြီဆို တစ်ယောက် ဒါတွေ ကားပေါ် တင်ပေးလိုက်ပါဦးကွယ် ''
'' ဟုတ် ရတယ် ကျွန်တော့်ဘာသာ ... ''
သူ့စကားမှ မဆုံးသေး အစေခံတစ်ဦးက သူ့အိတ်ကို စွေ့ခနဲ ကောက်မသွား၍ အထုတ်တွေ မတရားလေးနေသည် ပြောမည်လား ရိပ်မိသွားမလား စိုးရိမ်သွားမိ၏။ သို့သော် အင့်ခနဲ တစ်ချက် အသံထွက်သည်မှ လွဲ၍ ဘာမှမပြောဘဲ ကားဆီသယ်သွားမှပင် သူလည်း သက်ပြင်းခိုးချနိုင်တော့သည်လေ။
'' ကဲ သားArthitလည်း ကောင်းကောင်းလည်ခဲ့ ကြားလား ''
'' ဗျာ ဟုတ် ... ဟုတ် ''
မယ်မယ်လေးပြောသည်ကို သူ ရုတ်တရက် နားမလည်နိုင်ဖြစ်သွားသော်လည်း နောက်မှ ဆက်စပ်တွေးမိကာ သဘောပေါက်သွားမိသည်။
' အင်း ငါက လူမမာသွားမေးမယ် ပြောထားတာကို Kongpop တစ်ယောက် သွားလည်မယ် ပြောထားလို့ အဲ့လို ပြောတာနေမယ် '
'' လာ မယ်မယ်လေး ကားနားထိ လိုက်ပို့မယ် ''
သူ မယ်မယ်ကြီးကို နှုတ်ဆက်ပြီး ခြံဝန်းထဲရှိ သူ့ကို လေဆိပ်လိုက်ပို့မည့် ကားရှိရာသို့ မယ်မယ်လေးနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်နေမိသည်။
ဝင်လာစဉ်က အမြန် ပြန်ထွက်နိုင်မည့် အရေးသာ တောက်လျှောက် တွေးနေခဲ့သော်လည်း တကယ်တမ်း ထွက်သွားမည်ဆိုတော့ ခြေလှမ်းတို့က အဘယ်ကြောင့် လေးကန်နေမှန်းမသိ။
'' ကျွန်တော် သွားပြီနော် မယ်မယ်လေးလည်း ကျန်းမာရေး ဂရုစိုက်ပါ အာ မယ်မယ်ကြီးဆေးက အံဆွဲထဲမှာနော် မယ်မယ်လေး ''
'' အေးပါကွယ် ''
'' ပြီးတော့ သတိပေးမယ့်လူ မရှိဘူးဆိုပြီး မယ်မယ်လေး သွေးတက်စာတွေလည်း အရမ်းမစားနဲ့ဦး မယ်မယ်ကြီးကိုလည်း ပုံမှန် လမ်းဆက်လျှောက်ပေးရမှာ ပြီးတော့ ... ''
VOCÊ ESTÁ LENDO
♠ မာယာလှည့်ကွက် ♠ [Z & U]
Fanficသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...
![♠ မာယာလှည့်ကွက် ♠ [Z & U]](https://img.wattpad.com/cover/169003849-64-k531781.jpg)