♠မာယာလှည့်ကွက်♠ Part 16

1.8K 147 18
                                        

[Zawgyi]

'' ဘယ်သွားမယ် ပြောလိုက်တာ P' Arthit ''

Kongpop ညနေရုံးက ပြန်ရောက်ရောက်ချင်း ကုတင်ပေါ် ကျောဆန့်နေစဉ် အနားရောက်လာပြီး ပြောလိုက်သော P' Arthit စကားကြောင့် ငုတ်တုတ်ထထိုင်ကာ သေချာအောင် ထပ်မေးလိုက်မိသည်။

'' အင်း ငါ တရုတ်ပြည် ခဏပြန်ချင်လို့ Kongpop ''

'' ဘာလို့ ပြန်ချင်တာလဲ ''

'' ဟိုမှာ Mama.… အင်း Joe Mae ရှိတယ်လေ အဲ့ဒါ နေမကောင်းလို့တဲ့ ငါသွားကြည့်ချင်တာ ကူလဲ ကူညီချင်တယ်လေ ''

ဒီရက်ပိုင်း Joe ကို ဖုန်းခေါ်တော့လည်း မကိုင်သဖြင့် သူ စိတ်လှုပ်ရှားလွန်ရင်းက သူ၏ အချစ်တော်ဖုန်းလေးသည် လေသာဆောင်မှ တစ်ဆင့် မြေခခဲ့ရသည်။

ပြင်လို့ပင် မရတော့အောင် ပျက်စီးသွားသော သူ့ဖုန်းလေးအစား Kongpopက မော်ဒယ်မြင့်ဖုန်းအသစ်တစ်လုံး ချက်ချင်းဝယ်ပေးသော်လည်း ပြသာနာမှာ သူ၏ ထိုမဟာဦးနှောက်လေးက Joe ဖုန်းနံပါတ်ကို လုံးဝ မမှတ်မိတော့။

ထိုသို့ဖြင့် ကြံရာမရသည့်အဆုံး သူ သုံးလေးညဆက်တိုက် မအိပ်မနေ စဉ်းစားခဲ့ရသော အကြံတွေကို  Kongpop အလုပ်မှ ပြန်ပြန်လာချင်း အကောင်အထည်ဖော်ကာ ဇာတ်လမ်းဆင်လိုက်တော့သည်။

'' သြော် ဟုတ်လား P' အခြေအနေက တော်တော်မကောင်းလို့တဲ့လား ''

'' သေချာမသိရဘူးလေ ငါ့ဖုန်းပျက်တော့ အဆက်အသွယ်ပါ ပြတ်သွားတာ ပြီးတော့ သွားကြည့်ချင်လို့ပါ အားလဲ အားနေတာဆိုတော့လေ ''

'' ဒါဆို ဘယ်နေ့သွားမှာလဲ P' Arthit ''

'' အင်း မြန်လေကောင်းလေပေါ့ ဒီတစ်ရက်နှစ်ရက်အတွင်း သွားချင်တာ အဲ့ဒါ မင်းကို အသိပေးတာ ''

သူ Kongpop မေးသမျှကို စိတ်ရှည်စွာ ဖြေပေးလိုက်သည်။ ခိုးသွားသည်ထက် ကြည်ကြည်ဖြူဖြူ သွားခွင့်သာရခဲ့လျှင် အရာအားလုံး အဆင်ပြေသွားနိုင်သည် မဟုတ်ပါလား။

အစကတည်းက ထိုသို့ ကလိန်ကကျစ်အကြံကို မစဉ်းစားခဲ့မိပါလိမ့်။

သူ အတော်ကြာ မျက်မှောင်ကြုတ်လိုက် မေးစေ့လေးပွတ်လိုက်ဖြင့် စဉ်းစားနေသော Kongpop ကို ဒီတစ်ခါတော့ အထွန့်မတက်ဘဲ စောင့်နေပေးလိုက်ပါသည်။

♠ မာယာလှည့်ကွက် ♠ [Z & U]Место, где живут истории. Откройте их для себя