♠မာယာလှည့်ကွက်♠ Part 24

1.3K 122 2
                                        

[Zawgyi]

'' Bright မင်း ... မင်းဘာပြောလိုက်တယ် ''

'' သြော် မင်းလင် ငါတို့ဂျူနီယာလေးကို ဆေးရုံLobby မှာ တွေ့ခဲ့ ... ခဲ့ ... ဟ Arthit ဘာဖြစ်သွားတာလဲ ''

Totta က သူ့ဘက်ခေါင်းကုပ်မေးလာသော Bright ကို မသိကြောင်း ပုခုံးသာ တွန့်ပြမိသည်။

Bright တို့ သူငယ်ချင်းတွေ Arthit Por ဆေးရုံတက်နေရသည်ဆို၍ သတင်းမေးလာကြစဉ် Kongpopနှင့် တွေ့ခဲ့ကြောင်း ပြောပြမိသည်ကို စကားတောင် ဆုံးအောင် နားမထောင်ဘဲ ပြေးထွက်သွားသော Arthit ။

'' သားလေးနဲ့ သားKong က ခုနက မတွေ့လိုက်ရလို့ပါ အဲ့ဒါကြောင့် လိုက်သွားတာနေမှာ ''

Mr. Rojnapat ဝင်ပြောတော့မှ အားလုံး ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားကာ လာရင်းကိစ္စဖြစ်သော Mr.Rojnapat၏ ကျန်းမာရေးကိစ္စကို မေးလိုက်ကြလေသည်။

တစ်ဖက်တွင်တော့ သူ Bright စကားပင်မဆုံးလိုက် အလျင်အမြန် ပြေးထွက်ကာ Kongpop ကို ရှာဖွေရေး ဆင်းရတော့သည်။ ထိုသကောင့်သားလေးသည် သူ့ကို ရှောင်ပြီး ပြန်သွားရန် ကြံစည်နေပြန်ပြီမို့ သည်တစ်ခါတော့ အလွတ်မပေးတော့။

အောက်ထပ်ကို အမြန်ဆင်းရန် ဓာတ်လှေကားဆီ ပြေးသွားသော်လည်း ဓာတ်လှေကားတွေ မအားသဖြင့် ဆယ်ထပ်ကို အရေးပေါ်လှေကားမှဆင်းခဲ့ရသည်။ စိတ်ကဆောင်နေ၍ အောက်ထပ်ရောက်သည်နှင့် လူက ဟောဟဲစိုက်နေပါသော်လည်း မနားနိုင် Kongpop လွတ်သွားမည်စိုး၍ အရေးပေါ်တံခါးမှ ပြေးထွက်ကာ Lobby ထဲ ကျီးကန်းတောင်မှောက် ရှာရပြန်၏။

မျက်လုံးကို ဝေ့ဝိုက်ကာ ဟိုပြေး ဒီပြေးနှင့် အတန်ကြာ ရှာတော့မှ တိုင်တစ်ခုနှင့်ကွယ်ကာ ဖုန်းပြောနေသော Kongpop ၏ နောက်ကျောကို လှမ်းမြင်လိုက်သည်နှင့်တစ်ပြိုင်နက် ...

'' KONGPOP ''

မမြင်ရတာကြာပြီဖြစ်သည့် မျက်နှာလေးအား ကြည့်ပြီး မေးစရာရှိတာမေးရန် အပြေးလာခဲ့သော်လည်း တကယ်တမ်း Kongpop ကို မြင်တော့ လုပ်လိုက်မိသည်က တစ်ခုတည်း ... ။

မထင်ထားသည့် လုပ်ရပ်တစ်ခုကို လုပ်ပြီး နေရာမှ သူ လှည့်ပြန်ထွက်လာခဲ့သည်။ တအံ့တသြကြည့်နေသော လူတွေကိုလည်း ဂရုမစိုက်အားတော့။ လုပ်ချင်တာ လုပ်လိုက်ရသည့်အတွက် စိတ်တော့ အနည်းငယ် ပေါ့သွားသယောင်။

♠ မာယာလှည့်ကွက် ♠ [Z & U]Место, где живут истории. Откройте их для себя