[Zawgyi]
' အားး တော်တော့ သူများကိစ္စ ဝင်မပါနဲ့ ဝင်မပါနဲ့ စိတ်ကိုထိန်းစမ်း စိတ်ကိုထိန်း Oon ''
'' ဘာစိတ်တွေကို အဲ့လောက်တောင် ထိန်းနေတာလဲ ''
'' ဟင် Kong ... Kongpop ''
'' ဟောဗျာ ကျွန်တော်ရောက်လာတာ အဲ့လောက် လန့်စရာလား P' ရဲ့ ''
သူ Kongpop အိပ်ခန်းနှင့် တစ်ဆက်တည်း ရှိသည့် လေသာဆောင်တွင် ဖုန်းထွက်ပြောနေသည်မို့ Kongpop ဝင်လာသည်ကို မသိလိုက်။ Suthiluck အိမ်တော်ဆန်ဆန် အိပ်ခန်းက ခမ်းနားကြီးကျယ်သလို Arthit အိမ်က အိပ်ခန်းနှင့် ဆက်ထားသော ဝရန်တာသာသာထက် ယခု လေသာဆောင်ကပင် Arthit အခန်း နှစ်ဆလောက်ရှိနေလေတော့ အခန်းထဲ လူဝင်လာသည်ကို မသိလိုက်တာ မဆန်း။
ပိုဆိုးသည်က သူစိတ်ရှုပ်လွန်း၍ ရေရွတ်လိုက်မိသော နာမည်လေး Kongpop ကြားသွားလားမသိ။
'' မလာသေးဘူးထင်လို့ပေါ့ အစောကြီး ရှိသေးတာကို ''
'' အာ မစောတော့ပါဘူး ၈နာရီတောင် ထိုးတော့မှာကို P' ကလည်း ''
'' ဟင် အချိန်က အဲ့လောက်တောင် ရှိသွားပြီလား ''
သူ ယောင်ယောင်ယမ်းယမ်းနှင့် နာရီကြည့်မိတော့မှ တကယ်ပင် ၈နာရီထိုးခါနီး ၁၅မိနစ်ခန့်သာ လိုတော့သည်။ သူ ဘယ်လောက်တောင် အတွေးများသွားမှန်း သူ့ကိုယ်သူပင် မသိလိုက်။ သူ ၆နာရီကျော်လောက်ကတည်းက ထိုနေရာတွင် ရှိနေခဲ့သည် မဟုတ်ပါလား။
'' P' Por ကို အဲ့လောက် စိတ်ပူနေတာလား ကျွန်တော် Por နားက အနီးကပ်လူတွေကို အသေးစိတ် ပြန်စစ်ဆေးဖို့ ပြောထားပြီးပါပြီ P' တအား စိတ်မပူနဲ့တော့နော် ''
'' အင်းး ကျေးဇူးပါ Kong ''
'' မလိုပါဘူး P' ရယ် ဒါထက် P' က အရင်ကအတိုင်းပဲ အတိတ်မေ့နေတာတောင် P' Por က အမြဲ နံပါတ်တစ်ပဲနော် ကျွန်တော်တို့ကြားက သဘောတူညီမှုတိုင်းကလည်း P' Por ကြောင့်ပဲ ဖြစ်လာခဲ့တာတွေမလား ''
'' အင် အင်းး ဒါကတော့ Por က ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုဝင်မို့ ... မို့ ... ဟင် ဒါ ... ဒါဆို ငါ အတိတ်မမေ့ခင်ကကော ငါ ... ငါတို့ကြား သဘောတူညီမှု ရှိခဲ့သေးတာလား Kongpop ''
ВЫ ЧИТАЕТЕ
♠ မာယာလှည့်ကွက် ♠ [Z & U]
Фанфикшнသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...
![♠ မာယာလှည့်ကွက် ♠ [Z & U]](https://img.wattpad.com/cover/169003849-64-k531781.jpg)