♠မာယာလှည့်ကွက်♠ Part 14

1.7K 152 8
                                        

[Zawgyi]

သူ ညက အိပ်ယာဝင်နောက်ကျသည့်အပြင် အတွေးတွေ များနေခဲ့သည်မို့ မနက်လင်းပိုင်းမှ အိပ်ပျော်သွားလိုက်သည်မှာ နိုးလာလို့ နာရီကြည့်လိုက်တော့ မနက် ၉နာရီခွဲကျော်နေပြီ။

အိပ်ရာဘေးကို အိပ်ချင်မူးတူး လှမ်းကြည့်မိတော့ ဘယ်သူမှရှိမနေ။

' အင်းလေ Kongpop လည်း အလုပ်သွားလောက်ပြီပေါ့ '

သည်လိုနှင့် သူ ရေမိုးချိုးပြီး ပြန်ထွက်လာတော့မှ ညကအကြောင်းတွေ အတွေးထဲဝင်လာကာ သတိရလိုက်မိသည်က မနေ့ညက Kongpop ပြောပြသည့် မီးခံသေတ္တာရဲ့ လျှို့ဝှက်နံပါတ်

ခေါင်းသုတ်လက်စပုဝါကို ကုတင်ပေါ် ပစ်တင်ကာ ဦးနှောက်ထဲ ပေါ်လာသော ဂဏန်းငါးလုံးကို ရိုက်နှိပ်လိုက်တော့ ချောက်ခနဲပွင့်အံလာသည့် မီးခံသေတ္တာတံခါးလေးကြောင့် နှုတ်ခမ်းစွန်းတစ်ဖက် ကွေးနေအောင် ပြုံးရင်း ကိုယ့်ခေါင်းကို ပြန်ပွတ်ကာ ချီးကျူးလိုက်မိသေးသည်။

' ကောင်းလိုက်တဲ့ မှတ်ဉာဏ်လေးပဲ Oon ရာ '

ဟုတ်သည်လေ။ ညက Kongpop အရူးကောင်က အတည်ပြောပြခဲ့သည်လား မူးနေလို့ လျှောက်ပြောပြခဲ့မိသည်လား မသေချာသည့် အခြေအနေတွင် သူမှတ်မိနေသည်မို့ တော်သေးသည်။

အထဲကိုကြည့်လိုက်တော့ ၁၀၀၀ တန် အထပ်လိုက် အုပ်စည်းတွေက အပုံလိုက်အပင်လိုက်မို့ မျက်လုံးတွေပင် ပြူးကျယ်သွားမိသည်။

' ဒါ အနည်းဆုံး သိန်း၁၀၀လောက်တောင် ရှိမလားပဲ '

သူ အကြမ်းဖျင်း ငွေပုံတွေကို ရေတွက်ကြည့်ရင်း မျက်လုံးတွေက ငွေပုံကြားမှ အနီရောင်ဗူးလေးနားအရောက် တန့်သွားမိလေသည်။

' အာ ဒါ ညက Kongpopပြောတဲ့ ဗူးနီထင်တယ် '

ရေရွတ်သံကမဆုံးသေး လက်က ထိုဗူးနီလေးကို ကိုင်ကာ ထုတ်ပြီးနေပြီ။ မထူးတော့သည်မို့ အထဲတွင် ဘာပါလဲဖွင့်အကြည့် အနီရောင်အလုံးကြီးကို ရွှေတွေနှင့် ကွပ်ထားသော ဆွဲကြိုးကြီးတစ်ကုံးကို တွေ့လိုက်ရသည်။

သူသည် ရတနာပစ္စည်းများနှင့် အကျွမ်းတဝင်မရှိသည်မို့ ဘာအမျိုးအစားမှန်းမသိသော်လည်း တန်ဖိုးကြီးလွန်း၍ Kongpop တန်ဖိုးထားတာဖြစ်မည်ဟုသာ ယူဆရင်း ဗူးလေးကို မီးခံသေတ္တာထဲ ပြန်ထည့်လိုက်တော့သည်။

♠ မာယာလှည့်ကွက် ♠ [Z & U]Место, где живут истории. Откройте их для себя