♠မာယာလှည့်ကွက်♠ Part 18

1.6K 147 8
                                    

[Zawgyi]

Kongpop သူ့ကို တရုတ်ပြည်ပြန်ရန် ခွင့်တောင်းနေသည့် P' Arthit ကို ကြည့်ရင်း တွေးနေမိသည်။ သွားမည့် အကြောင်းအရာကလည်း အကျိုးအကြောင်း ခိုင်လုံသည်မို့ ပေးမသွားလျှင်လည်း မကောင်း။ သို့သော် ဘာကြောင့်မှန်းမသိ ပေးမသွားစေချင်စိတ်ကလည်း မဲများနေသည်။

P' Arthit ကို ကြည့်ရသည်မှာလည်း အတော်လေး သွားချင်နေသည်ထင့် စိတ်ရှည်ပြီးတော့ကို အနားတွင် သူ့အဖြေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။

ထို့ကြောင့် သူ အချိန်အတော်ကြာ ဘယ်လိုလုပ်ရမလဲ တွေးရင်းမှ နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေမည့်နည်းတစ်ခုကို စဉ်းစားမိသွား၍ လက်ဖျောက်တစ်ချက် တီးလိုက်မိသည်။

သူဆုံးဖြတ်ချက်မှန်သွားကြောင်း သွားခွင့်ပြုလိုက်သည်နှင့် P' Arthitသည် သူ့ကို ဖက်လာကာ ခုန်ပေါက်နေတော့သည်ကို ကြည့်ရင်း သိနိုင်၏။

ပထမ သူပါလိုက်မည်ဖြစ်ကြောင်း တစ်ခါတည်း ထုတ်ပြောရန် ကြံလိုက်သော်လည်း အတွေးပြောင်းသွားကာ စပရိုက်လုပ်ရန်သာ စိတ်ကူးလိုက်မိရင်းက ယခုအခြေအနေသို့ ရောက်ရှိခဲ့ခြင်း။

'' လူကြီးမင်းတို့ နားဆင်ပါရှင့် ကျွန်မတို့ လေယာဉ်ဟာ Bangkok မှ ထွက်ခွာချိန် ၄နာရီ၂၅မိနစ်ခန့် ရှိခဲ့ပါပြီ မကြာမီအချိန်အတွင်းမှာ Shanghai Pudong International Airport ကို ဆိုက်ရောက်တော့မည်ဖြစ်ပါ၍ ခါးပတ်များ တပ်ဆင်ထားကြပါရန် အသိပေး ကြေငြာအပ်ပါတယ်ရှင့် ''

ဆောင်းဘောက်တွေမှ ပျံ့နှံ့လာသော လေယာဉ်မယ်လေး၏ အသံကြောင့် Kongpop တစ်ယောက် အတွေးလွန်နေရာမှ ဘေးဘီဝဲယာကြည့်မိတော့ လက်သည်းကိုက်ရင်း တစ်စုံတစ်ခုကို အသည်းအသန် စဉ်စားနေဟန်တူသည့် P' Arthit ကို တွေ့လိုက်ရလေ၏။

'' P' … P' Arthit ''

ခါးပတ်ပတ်ဖို့ သတိပေးရန် ခပ်တိုးတိုးလှမ်းခေါ်ရုံမက ကပ်လျက်ရှိနေသော လက်မောင်းသားကို ကုတ်ခြစ်ခေါ်လိုက်သည်အထိ လောကကြီးနှင့် အဆက်အသွယ်ပြတ်နေသေးဟန်တူသည့် P' Arthitသည် လက်သည်းကိုက်မပြတ် စဉ်းစားနေသည်မှာ မျက်မှောင်တွေပင် အတော် စုချိုးနေလေသည်။

♠ မာယာလှည့်ကွက် ♠ [Z & U]Opowieści tętniące życiem. Odkryj je teraz