[Zawgyi]
မင်္ဂလာပွဲအပြီး သူကပဲ အရင် အခန်းထဲ ဝင်နှင့်ကာ ပင်ပန်းထားသမျှတွေ လန်းသွားစေရန် အရင် ရေမိုးချိုးပစ်လိုက်သည်။ သူ ရေချိုးပြီး ထွက်လာတော့ ကုတင်ပေါ်တွင် အဝတ်အစားပင် မလဲသေးဘဲ လှဲလျောင်းအနားယူနေသော Kongpop ကို မြင်လိုက်ရသည်။
'' Kongpop ရေချိုးလို့ရပြီ ''
သူ သဘက်တစ်ထည်နှင့် ရေစက်လက်ဖြစ်နေသော ဆံပင်တွေကို ခါသုတ်ရင်း ပြောလိုက်သော်လည်း လှုပ်ရှားမှု မရှိလာသည့် Kongpop ကြောင့် အနားသွားလိုက်မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်မှာ ပါးစပ်ကလေးပင် ဟလို့။
' သူလည်း တော်တော် ပင်ပန်းသွားတယ် ထင်ပါရဲ့ '
ပင်ပန်းနေမည် ဆိုသော အသိကြောင့် သူလည်း ဆက်မနှိုးတော့ဘဲ ခဏပေးဆက်အိပ်လိုက်သည်။ သို့သော် သူ ခေါင်းခြောက်အောင်သုတ်ပြီး နာရီဝက်လောက်ကြာသည့်တိုင် မနိုးသေးသော Kongpop ကြောင့် သူ မနေသာတော့။
'' Kongpop.... Kongpop ... Kong ... ''
သူ နာမည်ခေါ်ပြီး ဘယ်လောက်နှိုးနှိုး မနိုးလာသည်နှင့် Kongpop လက်မောင်းတွေကို လှုပ်နှိုးတော့မှ အင်းအင်းအဲအဲနှင့် မျက်စိပွင့်လာသော်လည်း အိပ်ချင်မူးတူးဖြစ်နေပုံရသည်။
'' Kong ထတော့ ရေမချိုးပဲ အိပ်ရင် မနက်ကျ ပိုအညောင်းမိလိမ့်မယ့် ''
'' အင်းး ''
'' ရော့ ဒီမှာ သဘက်နဲ့ညဝတ် ''
Kongpop ကုတင်ပေါ် ထထိုင်လျက် နိုးတစ်ဝက် ဖြစ်ကာ မျက်လုံးကို ထိုင်ပွတ်နေသေးသည်မို့ သူကပဲ လိုအပ်တာတွေ ထုတ်ပြီး ပေးလိုက်တော့မှ မျက်လုံးတွေ ပြူးကျယ်လာသည့် ကောင်လေး။
'' ရော့ပါဆို သွား ရေမြန်မြန်သွားချိုး ငါ အိပ်ချင်နေပြီ ''
'' အင် အိပ်ချင်အိပ်နှင့်လေ P' Arthit ကျွန်တော့ကို စောင့်စရာမလိုပါဘူး ''
'' မင်းကိုလည်း ဘယ်သူမှ မစောင့်ပါဘူး မင်းက တစ်ကုတင်လုံး ဖြဲကားအိပ်နေတော့ ငါက ဘယ်နားသွားအိပ်ရမှာလဲ မင်းနိုးလာမလား နိုးလာမလား စောင့်ရင်း စောင့်ရင်းနဲ့ အရမ်း အိပ်ချင်လာလို့ နှိုးလိုက်တာ ''
ВЫ ЧИТАЕТЕ
♠ မာယာလှည့်ကွက် ♠ [Z & U]
Фанфикшнသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...
![♠ မာယာလှည့်ကွက် ♠ [Z & U]](https://img.wattpad.com/cover/169003849-64-k531781.jpg)