မာယာလှည့်ကွက် Part 28

1.3K 133 6
                                    

[Zawgyi]

Arthit ခြံထဲ အပင်ရေလောင်းနေစဉ် ခြံတံခါးဝတွင် ပြုတ်ကျနေသော ထိုင်းသတင်းစာကြောင့် စိတ်ထဲတစ်မျိုးဖြစ်ကာ ရေပုံးကို ချပြီး သွားယူဖတ်လိုက်မိသည်။

'' ဟင် ဒါ... ဒါက... ''

သတင်းစာခေါင်းကြီးပိုင်းတွင် Suthiluck စံအိမ်တော်၏ သခင်လေးKongpop Suthiluckနှင့် သူ၏ ကြင်ယာဖက် Arthit Rojnapatဆိုသော ခေါင်းစဉ်ဖြင့် ဓာတ်ပုံပါတွဲလျက် ပါရှိလာ၏။ ညဖက် အမှောင်ထဲ အမြန်ရိုက်ထားပုံမို့ ဝိုးတဝါးဖြစ်နေသော်လည်း Arthit ဆိုသော တစ်ယောက်သည် သူနှင့်တစ်ပုံစံတည်းဆိုတာတော့ သိသာနေသည်။

'' ဒါ Editကြီးတော့ မဟုတ်လောက်ဖူးမလား ''

Arthit မျက်မှောင်ကြုတ်ရင်း ရေရွတ်မိသည်။ ဒါ ဟိုတစ်နေ့က လူစိမ်းလာပြထားတာပဲဖြစ်မည်။ အမှန်ဟုတ်မဟုတ် သေချာတော့မသိရ။ အမှန်ပင် ဖြစ်စေဦးတော့ ထိုလူသည် သူ့အပေါ် အားအားယားယား လာရောက် ကယ်တင်မည်တော့မဟုတ်တန်ရာ။

ယနေ့နှင့်ဆို Suthiluck အိမ်တော်နှင့်ပတ်သက်သော သတင်းစာနှင့် အချက်အလက်အချို့တို့ Arthitအိမ်ရှေ့ ရောက် ရောက်နေသည်မှာ တစ်ပတ်ခန့်ပင် ရှိလောက်ပြီထင်သည်။

'' ကျစ် ဒီလောက်တောင် သည်းကြီးမည်းကြီး ကြိုးစားပြနေတာ ဘာသဘောလဲကွာ စိတ်ရှုပ်လိုက်တာ ''

Arthit ခေါင်းကုပ်ကာ ထိုစာရွက်စာတမ်းတွေကို ပစ်လိုက်မည် ကြံသော်လည်း မပစ်ရက်ဘဲ စာပါ အကြောင်းအရာများကို ဖတ်ရှုမိပြန်သည်။ ထိုအရာသည် သူနှင့် အမှန်တကယ် သက်ဆိုင်မှုရှိမရှိ သိချင်သည့်စိတ်ကလည်း တဖြည်းဖြည်း ပိုတိုးလာခဲ့ပြီလေ။

'' A' Yi ရေ Oon ဘယ်သွားလဲဟင် အခန်းထဲမှာလည်း မတွေ့လို့ ''

'' အင်း လမ်းထိပ် ဆားအဝယ် လွှတ်လိုက်တာ ကြာနေပြီ Arr Joe ရေ A' Yi ပန်းသွားပို့တော့မလို့ကို ခုထိ ပြန်မလာသေးဘူး ''

Joe ယနေ့ အလုပ်နားသဖြင့် Oon ဆီ ဝင်လာစဉ် မတွေ့လို့မေးမိတော့ အပြင်သွားလိုက်သည်တဲ့လေ။ တစ်လောက လူစိမ်းနှင့်များ တွေ့သွားမလား စိုးရိမ်မိပြီး လိုက်သွားရန် ကြံလိုက်သော်လည်း ဒီကြားထဲ Arthit ကလည်း ဘာမှမပြောသည်မို့ အထွေအထူးမရှိလောက်ဘူးဟု တွေးလိုက်ကာ A' Yi ကို အိမ်စောင့်ပေးရန်သာ တာဆူလိုက်တော့သည်။

♠ မာယာလှည့်ကွက် ♠ [Z & U]Donde viven las historias. Descúbrelo ahora