[Zawgyi]
'' P' Arthit ''
'' Kong ... Kongpop ''
သူ Arr Yone စကားများကြောင့် ခေါင်းရှုပ်နေစဉ် နောက်မှ ရောက်လာသော Kongpop ကြောင့် လူက နောက်ကို ခြေလှမ်း နှစ်လှမ်းသုံးလှမ်းမက ဆုတ်သွားမိသည်။
'' Oon ဘယ်လိုဖြစ်တာလဲ ''
တစ်ဖက်မှ Arr Yone ကလည်း တရုတ်လို ထပ်မေးနေသည်မို့ သူ ဘယ်ဟာကို စဖြေရှင်းရမှန်းကို မသိတော့။ နောက်ဆုံး အသိချင်ဆုံးကိစ္စကို မေးမြန်းရန်သာ ဆုံးဖြတ်လိုက်တော့၏။
'' Kongpop ခဏနော် Arr Yone ''
'' အင်း Oon ''
'' ငါ့ကို သေချာပြောပြစမ်းပါကွာ ခုနက အခြေအနေကို ''
'' ဟင် ဘာကိုလဲ ''
'' ခုနက မင်းပဲ Mamaတို့ကို ကားဂိတ်ပို့ခဲ့တယ်ဆို ''
'' အေး ဟုတ်တယ်လေ မင်းရယ် Arr Joe ရယ် မင်း Mama ရယ်ကို ခုနလေးတင် ကားဂိတ်ပို့ခဲ့တာပါဆို မင်းကို ဆေးကုဖို့ဆို ... ဆိုလား ဟမ် Oon မင်း ... မင်းမျက်နှာက ဒဏ်ရာတွေကော ဘယ်ပျောက်သွားတာလဲ ''
အခြေအနေတွေကို ပြောပြနေရင်းမှ ရုတ်တရက် သူ့မျက်နှာကို ဘယ်ညာလှည့်ကာ ဟိုကြည့်သည်ကြည့် လုပ်နေသော Arr Yone ကို နောက်ကနေ မီးတဝင်းဝင်းနှင့် ကြည့်နေသော တစ်စုံတစ်ယောက်ကြောင့် သူ အမြန်သာ Arr Yone လက်တွေကို ဖယ်ရှောင်လိုက်ရသည်။
'' အာ နေ... နေဦး Arr Yone ငါ ... ငါပြောပြပါ့မယ် ခဏ ငါထပ်မေးဦးမယ် ''
သူတို့ အချင်းချင်း တရုတ်လို ပြောနေကြသည်မို့ Kongpop ကတော့ နားမလည်နိုင်သဖြင့် သူ Kongpop ရှေ့တွင်သာ ထိုကိစ္စတွေကို မေးမြန်းနေမိခြင်း။
'' Oon မျက်နှာမှာ ဒဏ်ရာတွေ ရှိနေတာလား ဟုတ်လား Arr Yone ''
'' အာ ဘာတွေ လာမေးနေတာလဲ Oon ရာ မင်းက Oon လေ အဲ့ဒါကို ဒဏ်ရာရှိနေတာလား ပြန်မေးနေရလား ''
'' ဟမ် သြော် အဲ့ ... အဲ့ဒါကလေ ငါ တလောကမှ တွေ့ထားခဲ့တဲ့ ငါ့ ... ငါ့အမွှာပါ မင်းကို Arr ... Arr Joe က သေချာမပြောပြဘူး ထင် ... ထင်တယ် ''
' ဘုရားရေ ငါ ဘာတွေ ပြောလိုက်မိပါ့လိမ့် '
သူ လတ်တလော အမြန် သုံးသပ်ထားသည့် သုံးသပ်ချက်အရ Arr Yone တွေ့ခဲ့သည်မှာ Arthit အစစ်ဖြစ်နေလောက်မည် ထင်ရသည်။ ဒဏ်ရာဒဏ်ချက်တွေလည်း ရှိနေခဲ့သည်ဆိုတော့ အက်စီးဒင့်၏ နောက်ဆက်တွဲဆိုးကျိုးများ ကျန်နေတာ ဖြစ်လောက်မည်။
ВЫ ЧИТАЕТЕ
♠ မာယာလှည့်ကွက် ♠ [Z & U]
Фанфикшнသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...
![♠ မာယာလှည့်ကွက် ♠ [Z & U]](https://img.wattpad.com/cover/169003849-64-k531781.jpg)