♠ မာယာလှည့်ကွက် ♠ Part - 8

1.7K 141 2
                                    

[Zawgyi]

'' အာ ဟ Mission Complete ''

အခု သူတို့ ညနေစာ စားပြီး Kongpop အိပ်ခန်းတွင်းသို့ ခေတ္တရောက်ရှိနေကြသည့်အချိန် Kongpop လက်ဖျောက်တီးကာ ကုတင်ပေါ် ပစ်လှဲလိုက်သည့်အတွက် သူ မျက်မှောင်ကြုတ်ရင်း ခုံတစ်ခုကိုသာ ဆွဲယူထိုင်လိုက်သည်။

'' လူကြီးတွေကို စိတ်မကောင်းဖြစ်အောင် လုပ်ပြီး တော်တော် ပျော်နေတယ်ပေါ့ ''

'' မတတ်နိုင်ဘူး သူတို့အပြစ်နဲ့ သူတို့ပဲလေ ''

'' အပြစ် ... ''

'' ထားလိုက်ပါတော့ အဲ့ဒါတွေ ပြန်မပြောချင်ဘူး အခု ရှေ့ဆက်မယ့် ကျွန်တော်တို့ အနာဂတ်အကြောင်းပဲ ပြောရအောင် ''

အပြစ် ... အပြစ်တဲ့လား။ မယ်မယ်ကြီးက Kongpop ကို ဘာလုပ်ခဲ့လို့လဲ။ သူ အတွေးများနေစဉ် စကားလမ်းကြောင်း လွှဲလိုက်သော Kongpop ကြောင့် သူလည်း အာရုံလွဲသွားမိသည်။

'' အနာဂတ် ... ? ''

'' အင်း ကျွန်တော်တို့ အတူနေတော့မယ်ဆို ထပ်အတည်ပြုရမယ့် အချက်ကလေးတွေ ရှိတယ်လေ ''

သူ ဘာလဲ ဆိုသည့်သဘောဖြင့် မေးဆတ်ပြတော့ ကုတင်ပေါ် လှဲရင်း လှမ်းကြည့်နေသူက ငေါက်ခနဲထကာ အကျအန ထိုင်ပြီး လက်တွေ ထောင်ပြီး တစ်ချက်စီ စပြောတော့သည်လေ။

'' နံပါတ်တစ်အချက် ... ကျွန်တော်တို့ ကုတင်ခွဲမသုံးဘူး
နံပါတ်နှစ် ... ကျွန်တော်တို့ အလုပ်အတွက် စုံတွဲပွဲတွေ တက်ရတာမျိုးဆို မငြင်းရဘူး
နံပါတ်သုံး ... ဒီအခန်းက ထွက်တာနဲ့ ကျွန်တော်တို့က သိပ်ချစ်ကြတဲ့ အများ အားကျရတဲ့ တွဲဖက်တွေပဲ ဖြစ်ရမယ်
နံပါတ်လေး ... ကွာရှင်းမယ်ဆိုတဲ့စကား P' ဘက်က ဘယ်တော့မှ စမပြောရဘူး ''

'' ဟမ် ဘာလို့လဲ ''

'' ဘာကိုလဲ P' Arthit ရဲ့ ''

'' နောက်ဆုံးအချက်လေ လိုလို့လား ''

'' လိုတာပေါ့ P' စိတ်တွေ ခုထိ ကျွန်တော့ဆီမှာ မရှိသေးတာ ကျွန်တော် သိပါတယ် အဲ့ဒါကြောင့် ကြိုချုပ်ထားမှ တော်ကာကျမှာပေါ့ ''

သွားဖြူဖြူလေးတွေ ပေါ်အောင် ရယ်ကာ ပြောနေသော Kongpop ကို သူ ကြောင်ကြည့်နေမိသည်။ ထိုစကားများက ထိုသို့ ရယ်သံစွက်ကာ ပြောရသည့် စကားများမှ မဟုတ်ပဲကိုလေ။ သို့သော် ကိစ္စမရှိ။ သူက အချိန်တန်လျှင် ပုန်းရှောင်ထွက်ပြေးသွားရမည့် သူပဲမလား။

♠ မာယာလှည့်ကွက် ♠ [Z & U]Donde viven las historias. Descúbrelo ahora