[Zawgyi]
'' အင်း ငါက Mr.Rojnapat သဘောတူထားပြီးသားဆိုတော့ ဟိုဖက်က လူကြီးတွေကလည်း သဘောတူထားတယ်ထင်နေတာ ခုတော့ကွာ Kongpop မလှိမ့်တပတ်လုပ်တာ ခံလိုက်ရတယ် ''
သူ အခန်းနှင့် တစ်ဆက်တည်းရှိသည့် ဝရန်တာလက်ရန်းတွင် မှီကာ လက်တစ်ဖက်နှင့် ဖုန်းပြောရင်း တစ်ဖက်ကတော့ ဆံပင်တွေကို အကြောင်းမဲ့ ဆွဲဖွာနေမိသည်။
'' ဒါပေမယ့် အဆင်ပြေပါတယ် သဘောမတူလည်း ဘာအရေးလဲ ငါက ပစ္စည်းယူပြီး ကိုယ်ဖျောက်ရုံပဲဟာကို ပြီးတော့ ဟိုဖက်အိမ်ရောက်ခဲ့တာတော့ အခြေအနေက ရှယ်ပဲ ဖြောင်စရာတွေမှ ပုံလို့ကွ ''
'' ... ... ... ''
'' အေးပါ စိတ်ချ Joe ငါ အတတ်နိုင်ဆုံး မြန်မြန်လှုပ်ရှားပါ့မယ် Mae ကိုလည်း ငါ့အစား ဂရုစိုက်ပေးပါကွာ နော် ''
သူ Joe နှင့် ဖုန်းပြောပြီး လေပူတစ်ချက်မှုတ်ကာ ဝရန်တာမှတစ်ဆင့် ပတ်ဝန်းကျင်ကို ငေးမောနေမိသည်။ သြော် ငယ်စဉ်ကတည်းက ဘာဆို ဘာမှ လွယ်လွယ်ကူကူ မဖြတ်သန်းဖူးသည့် သူ့ဘဝသည် ဘယ်တော့များမှ အေးချမ်းမှာပါလိမ့်။
' အာ ငါ လုပ်စရာရှိသေးတာပဲ '
တောင်တွေး မြောက်တွေး တွေးရင်းမှ ညနေကျ Kongpop က အိမ်တော်ကလူတွေနှင့် မိတ်ဆက်ပေးရန် လာခေါ်မည်ဟု ပြောထားသည်ကို သတိရသွားမိသည်နှင့် သူ အခန်းထဲ ပြန်ဝင်ပြီး တစ်နေ့ညက Kongpop ပေးခဲ့သည့် ရိုးရာဝတ်စုံလေးကို ဗီရိုထဲမှ ဆွဲထုတ်လိုက်သည်။
သို့သော် သူ့လက်သန်းနှင့် ငြိပြီး ဘေးအဝတ်အကန့်ကိုပါ ဆွဲမိသလိုဖြစ်ပြီး အဝတ်တွေ အကုန် အပြင်ဖက်ကို ပုံကျလာသည်။
'' အာ ရှုပ်ပွကုန်ပါပြီ အဝတ်ခေါက်ရတာ ပျင်းပါတယ်ဆိုမှ ''
သူ ငြီးငြူရင်း ထိုအဝတ်တွေကို တစ်ထည်စီ ပြန်ကောက်ပြီး အဖြစ်ခေါက်နေစဉ် အဝတ်ကြားက ထွက်လာသော Arthit ၏ ဓာတ်ပုံတစ်ပုံ။
'' ဒါက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ အင်းးး မင်းက ငါနဲ့ ရုပ်တော်တော်လေး တူတာပဲ ဟက် ကံတရားကတော့ ဆီနဲ့ရေလို ကွာပေမယ့်ပေါ့ ''
သူ ဓာတ်ပုံထဲက ကောင်လေးကို ကြည့်ကာ ရေရွတ်လိုက်မိသည်။ ရုပ် သည်လောက်တူတာတောင် သူတို့နှစ်ယောက်သည် ဘာသွေးသားမှ မတော်စပ်ဘူးတဲ့လား။
ESTÁS LEYENDO
♠ မာယာလှည့်ကွက် ♠ [Z & U]
Fanficသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...