♠ မာယာလှည့်ကွက် ♠ Part - 4

1.9K 151 4
                                        

[Zawgyi]

သူ Arthit Rojnapat ၏ အခန်းအတွင်း လှန်လှော မွှေနှောက်ရှာဖွေပါသော်လည်း အရေးပါသည့် အရာတစ်ခုတစ်လေတောင် မတွေ့သည့်အတွက် စိတ်ပျက်ကာ ဘာရယ်မဟုတ် ခြံဝန်းထဲဆင်းလာခဲ့လိုက်သည်။

သူ ယခုမှ အိမ်နှင့် ခြံဝန်း ပတ်ပတ်လည်ကို သေချာကြည့်မိသည်။ အိမ်ကြီးသည် ခြံဝန်း၏ အလယ်တွင်ရှိပြီး ခြံစည်းရိုးပတ်ပတ်လည်တွင် နှင်းဆီပန်းများကို စိုက်ပျိုးထားကာ အိမ်ကြီး၏ အနောက်ဖက်တွင် စိန်ပန်းပင်ကြီးတစ်ပင် ရှိနေလေသည်။

ထိုအပင်ကြီးသည် အိမ်အပေါ်ထပ်တစ်ဝက်နားလောက်ထိ အရိပ်ကောင်းစွာရပြီး ကြီးထွားနေသော်လည်း အိမ်အရှေ့ဖက်မှ ကြည့်လျှင် အိမ်ကြီးနှင့်ကွယ်နေသဖြင့် တော်ရုံမမြင်မိခဲ့။

သူ ထိုအပင်အောက်ကို လမ်းလျှောက်သွားရင်း အပင်၏ ပင်စည်ကို ကိုင်ပြီး အပင်ကို ပတ်လျှောက်နေမိသည်။ ရုတ်တရက် ပင်စည်ထစ် တစ်ခုအနီးက ကြိုးစလေးကို ဆွဲမိတော့ အပင်ပေါ်မှ ကျလာသည့်အရာကြောင့် သူ လန့်သွားကာ အပင်ပင်စည်ဖက်ကို တိုးကပ်သွားမိသည်လေ။

သေချာပြန်ကြည့်မှ အပင်ပေါ်မှ ကျလာသည့်အရာသည် အပင်ကိုင်းတစ်ခုမှ တွဲလောင်းကျနေသော ဒန်းလေးနှစ်ခု ဖြစ်နေသည်နှင့် ဒန်းလေးတစ်ခုစီသို့ ဦးတည်သွားလိုက်ပြီး ဒန်းပေါ်ထိုင်ကာ လွှဲရမ်းနေမိသည်။

ဒန်းလေးနှစ်ခုသည် ဤနေရာတွင် ရှိနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ဟန် တူသော်လည်း နှစ်စဉ် ဂရုတစိုက် ထိန်းသိမ်းထားမှုကြောင့်ထင်သည်။ ယခုအချိန်ထိ ခိုင်ခံ့ကာ ကောင်းမွန်စွာ အသုံးပြုနိုင်သေးသည်လေ။

သူ ဒန်းလေးကို အချိန်အတော်ကြာသည်အထိ လွှဲရမ်းရင်း အနားယူနေမိသည်။ သည်နေရာလေးသည် သူ့စိတ်ကို အေးချမ်းစေပြီး သက်တောင့်သက်သာဖြစ်စေသည်။ သည်အိမ်ကို ရောက်ပြီးကတည်းက တင်းကျပ်နေသော သူ့စိတ်တို့ကို ငြိမ်းအေးစေသည့် သည်နေရာလေးကို သူ အတော်လေး နှစ်သက်နေမိသည်။

<<<<<<<<<>>>>>>>>>

'' ဒမ် ဒီ ဒီ ဒါ ဒီ ဒီ ယို့ ... ယို့ ''

♠ မာယာလှည့်ကွက် ♠ [Z & U]Место, где живут истории. Откройте их для себя