[Zawgyi]
သူ ပွဲမစခင် ဖုန်းလာ၍ ကြည့်လိုက်တော့ Joe ဆီကဖြစ်နေသည်။ မနေ့ကတင် ဖုန်းပြောထားသည်ကို ဘာကိစ္စဆက်ပြန်လဲမသိ။
* ဟယ်လို Arr Joe *
* အင်း Oon မင်း ဘယ်မှာလဲ *
* ငါလား အိမ်တော်မှာလေ... ဒီနေ့ပွဲရှိလို့ ခြံဝန်းထဲ ရောက်နေတာ *
* သြော် ဟုတ်လား မင်းဘာထူးသေးလဲ *
* ငါ့ဖက်ကလား ဘာမှမထူးပါဘူး။ မင်းဖက်ကကော Arthit အခြေအနေ ဘယ်လိုနေလဲ *
* အင်းး တကယ်တော့လေ Oon ငါပြောစရာရှိ... ရှိ ... *
* ဟင် ဟယ်လို ဟယ်လို အာ... ဖုန်းအားကုန်သွားတာပဲ *
သူ စိတ်ညစ်ညူးစွာ အနီးရှိ အစေခံတစ်ဦးကို ခေါ်ကာ ဖုန်းကို အားပြန်သွင်းခိုင်းလိုက်ရ၏။ ပွဲအတွက် စီစဉ်စရာရှိသည်တို့ စီစဉ်နေသည်မို့ ဖုန်းအားမရှိသည်ကို သတိမထားမိလိုက်။ မတတ်နိုင် ညကျမှ Joe ဆီ ဖုန်းပြန်ဆက်ရတော့မည်။
* ငါမင်းကို ပြောစရာရှိတယ် Oon အဲ့ဒါကလေ Arthit ... Arthit ပျောက်နေတယ် ဟယ်လို...ကြားလား Oon ဟယ်လို~ ဟင် ဖုန်းကျသွားတာလား ကျစ် အရေးကြီးနေမှကွာ *
တစ်ဖက်မှလည်း Joe ဖုန်းလိုင်းကျသွားသည်ထင်ကာ ကျွတ်သပ်ရင်း Oonကို ဖုန်းပြန်ခေါ်တော့ စက်ပိတ်ထားသည်တဲ့။
' ဘယ်လိုဖြစ်သွားတာလဲ အင်းး Oon အားကုန်သွားတာနေမယ်။ ညမှ ပြန်ဆက်ကြည့်လိုက်ပါမယ်လေ '
Joe အတွေးတို့ကို လက်စသတ်ကာ အိပ်ယာပေါ် လဲလျောင်းနေသော A' Yi ဆီ သွားလိုက်သည်။ အိမ်ပြန်ရောက်ကတည်းက ရှိမနေခဲ့သော Arthitကို လမ်းထိပ်များသွားလား စောင့်နေခဲ့သော်လည်း ညနေစောင်းသည်အထိ ပေါ်မလာသည့်အတွက် စိတ်ပူကာ Joeကော A' Yiပါ လိုက်ရှာခဲ့သော်လည်း အစအနပင်မတွေ့။
အိမ်ကို ပြန်လာကာ Oon အခန်းထဲ ဝင်ကြည့်တော့ ခြေရာလက်ရာမပျက် အဝတ်အစားတွေကအစ နေရာတကျရှိနေသည်မို့ Joe ရုတ်တရက် ပျောက်ဆုံးသွားသော Arthitတွင် အကြောင်းတစ်ခုခုရှိမှန်း သိလိုက်ပါပြီ။
ရှန်ဟိုင်းတွင် ယောင်လည်လည်ဖြစ်နေသည့် Arthitသည် Oon အိမ်ရောက်ထဲက လမ်းထိပ်ကလွဲ၍ ဘယ်မှမသွားတတ်သဖြင့် ယခုလို ပျောက်သွားစရာအကြောင်းမရှိ။ ဖြစ်နိုင်ခြေ တစ်ခုပဲရှိသည်။ ထိုလူစိမ်း~ တစ်လောကတွေ့သည့် ထိုလူစိမ်း~ Arthitဆိုသောနာမည်ကို ထုတ်ပြောခဲ့သည့် ထိုလူစိမ်း။
ВЫ ЧИТАЕТЕ
♠ မာယာလှည့်ကွက် ♠ [Z & U]
Фанфикшнသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...
![♠ မာယာလှည့်ကွက် ♠ [Z & U]](https://img.wattpad.com/cover/169003849-64-k531781.jpg)