[Zawgyi]'' ဗျာ တောင်းဆိုချက် ဟုတ်လား ''
'' အင် ဟုတ်တယ် ငါ မင်းကို လက်ထပ်မယ်ပြောပေမယ့် ငါက ခုထိ အတိတ်မေ့နေတဲ့သူတစ်ယောက် မဟုတ်လား ''
သူ အမေးမဟုတ်သော အမေးစကားကို ပြောပြီး ခဏရပ်ကာ Kongpop ခေါင်းငြိမ့်ပြတော့မှ သူ့စကားကို ဆက်လိုက်သည်။
'' ဒါကြောင့် ငါ သတိမရမချင်း မင်း ငါ့ကို မင်းယောင်္ကျားတစ်ယောက်လို ဆက်ဆံခွင့်မရှိဘူး ''
'' ဒါဆို မိန်းမလိုကော P' Arthit ''
'' KONGPOP ''
သူ့စကားကို မျက်ခုံးတစ်ဖက်ပင့်ကာ မျက်နှာအတည်ပေါက်နဲ့ အရွှန်းဖောက်ပြောလိုက်သော Kongpop ကြောင့် သူ မျက်လုံးများ ဝိုင်းစက်သွားပြီး ထိုကောင်လေးအား ကုန်းအော်လိုက်မိသည်။
'' အ ... စ ... စတာပါ P' ကလည်း အဲ့လောက် မအော်နဲ့လေ နားကန်းတော့မယ် ''
ထိုသို့ ပြောရင်း ညီနေသော သွားလေးများ ပေါ်လာသည်အထိ ရယ်ပြနေသော ထိုကောင်လေးအပြုံးကို သူ တစ်ချက်တော့ ငေးမိသွားသည်။
ငယ်ငယ်ရွယ်ရွယ်နှင့် တည်ကြည်သော လုပ်ငန်းရှင်တစ်ယောက်ဟု ထင်ရသည့် ထိုကောင်လေးသည် ထိုသို့ ခပ်တည်တည်နှင့် စနောက်ကာ ရယ်မောတတ်မည်မှန်း သူ မထင်ထားခဲ့။
'' P' ... P' Arthit ''
'' အင် ... အင်းးး ''
'' ကျွန်တော်က P' ကို စလိုက်တာပါ စိတ်မဆိုးနဲ့နော် ''
အခုလည်း အပေါ်နှုတ်ခမ်းလေးက အထဲဝင်ကာ အောက်နှုတ်ခမ်းလေးကို ရှေ့ထုတ်ရင်း မျက်နှာငယ်ပုံစံ လုပ်ပြလျက် လူကို ချော့သလို လုပ်နေပြန်ပါသည့် အမျိုးမျိုး တတ်လည်းတတ်နိုင်သော ထိုကောင်လေးအား သူ မြင်ပြင်းကပ်စွာ ဆွဲဆောင့်ချင်စိတ်ပင် ပေါက်လာပါတော့သည်။
' ဒါကို သူ တမင်ရွဲ့လုပ်ပြနေတယ်လို့ ငါဘာလို့ ခံစားနေရပါလိမ့် '
'' မ ... မဆိုးပါဘူး အဟမ်း အဲ ... အဲ့တော့ ငါဆက်ပြောမယ် ''
'' ဟုတ် ''
'' မင်း ငါခုနက ပြောတဲ့ အဓိပ္ပာယ်ကို ပေါက်တယ်မလား ''
'' ပေါက်တယ် P' Arthit ဒါပေမယ့် ကျွန်တော်လည်း ပြန်တောင်းဆိုစရာရှိတယ် ''
![](https://img.wattpad.com/cover/169003849-288-k531781.jpg)
CZYTASZ
♠ မာယာလှည့်ကွက် ♠ [Z & U]
Fanfictionသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...