[Zawgyi]
ရှေးဟောင်း နှစ်ထပ်ကျွန်းအိမ်ကြီး၏ ဧည့်ခန်းတစ်ခုတွင် အသက် ၄၀ အရွယ် မိန်းမတစ်ဦးနှင့် သူမ၏ သားဖြစ်ဟန်တူသည့် အသက် ၂၀ အရွယ် ကောင်လေးတစ်ဦးတို့ မျက်နှာချင်းဆိုင်ထိုင်ရင်း အကြောင်းအရာတစ်ခုကို တီးတိုးပြောဆိုနေကြသည်။
'' ဘာ သခင်လေး Kongpopက Arthit ကို ပြန်ခေါ်လာပြီ ဟုတ်လား ''
Miran တစ်ယောက် ကျွန်းခုံလက်တန်းပေါ်တွင် တင်ထားသည့် သူမလက်တွေကို ခပ်တင်းတင်းဆုပ်ကာ သားဖြစ်သူကို ခပ်အုပ်အုပ် အော်လိုက်မိသည်။
'' ဟုတ်တယ် Mae ဘယ်လိုဖြစ်တာလဲတော့မသိဘူး သူတို့ရောက်လာမှပဲ သေချာသိရမှာ ''
ခေါင်းကုပ်ကာ ပြောလိုက်သော သားစကားကြောင့် Miran သက်ပြင်းတစ်ချက်ချကာ သားဖြစ်သူကို မျက်မှောင်ကြုတ်ကြည့်ရင်း ပြန်ပြောလိုက်မိသည်။
'' ဒီဂြိုလ်ဆိုးလေးက သက်ဆိုးရှည်သားပဲ Kenn နင် နောက်ကြောင်းရှင်းခဲ့တာ သေချာပါတယ်နော် ''
Kenn စိတ်ချပါဆိုသည့် အမူအရာဖြင့် နှုတ်ခမ်းစွန်းတစ်ဖက် ကွေးအောင် ပြုံးရင်း မိခင်ဖြစ်သူကို ကြည့်ကာ ပြောလိုက်သည်။
'' စိတ်သာချ သားတို့ လုပ်တာ လုံးဝ မရိပ်မိစေရဘူး Mae ''
'' ကောင်းပြီလေ ဒါဆို ငါ ဘိုးတော်ဆီသွားလိုက်ဦးမယ် ''
သားဖြစ်သူကို ပြောပြီး Miran အပေါ်ထပ်အခန်း တစ်ခုရှိရာသို့ ဦးတည်ခဲ့လိုက်လေသည်။ အခန်းရှေ့ရောက်သည်နှင့် မျက်နှာအနေအထားကအစ စိတ်ဆင်းရဲနေဟန် မျက်နှာပေးမျိုးပြောင်းကာ သဏ္ဍာန်လုပ် သရုပ်တူစေရန် အိပ်ကပ်ထဲတွင် အသင့်ယူလာသော မျက်စဉ်းဆေးကိုပင် သူမ မျက်လုံးပေါ် အမြန်ချလိုက်သေးသည်။
ပြီးမှ အခန်းထဲသို့ ဝင်လိုက်တော့ ကုတင်ပေါ်တွင် ကျောမှီထိုင်ကာ ပြတင်းပေါက်အပြင်ကို ငေးနေသည့် လူကြီးတစ်ယောက် နှင့် ကုတင်ဘေး အောက်ကြမ်းပြင်တွင် ထိုင်ပြီး လူကြီးခြေထောက်တွေကို နှိပ်ကာ ပြုစုပေးနေသော အစေခံတစ်ယောက် ရှိနေသည်။
'' ကိုကြီးရေ ကိုကြီးရဲ့ ''
Miran ကုတင်ပေါ်ရှိ ထိုလူကြီးကိုခေါ်ကာ အပြေးသွားလိုက်သည်အထိ ဘာတုံ့ပြန်မှုမှ မရှိသေးသော လူကြီးကို သူမ စိတ်မရှည်စွာ အော်ဟစ်ပစ်ချင်သော်လည်း စိတ်ကိုထိန်းကာ ပြောစရာရှိသည်ကိုသာ ပြောလိုက်သည်။
ŞİMDİ OKUDUĞUN
♠ မာယာလှည့်ကွက် ♠ [Z & U]
Hayran Kurguသာမန်ကောင်လေး Arthit နဲ့ သခင်လေး Kongpop တို့ ကျောင်းမှာ စီနီယာ ဂျူနီယာအနေနဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ပြီး ကျောင်းပြီးသွားတော့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ် ဒီလိုနဲ့ အရင်စေ့စပ်ထားပြီး အလုပ်ခရီးခဏထွက်သွားတဲ့ Arthit ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ... အချိန်...
![♠ မာယာလှည့်ကွက် ♠ [Z & U]](https://img.wattpad.com/cover/169003849-64-k531781.jpg)