Y O U N G🍂
မလှမ်းမကမ်းက ခုံတန်းလျားလေးကို လှမ်းကြည့်မိသည်။
တစ်စုံတစ်ယောက် မပါတဲ့ သုံးနှစ်တာဟာ ခါးသက်လွန်းလို့
ကော်ဖီခါးခါးတွေမြင်ရင်တောင် မျက်နှာလွှဲမိတဲ့အထိဘဲ။မတွေ့ရတာ တော်တော်ကြာသွားပြီဘဲ ယောင်း...
ငါလွမ်းနေခဲ့တာ...သုံးနှစ်တာကို အလွမ်းတွေနဲ့လည်း ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပါသေးတယ်။
လက်ထဲမှာကိုင်ထားတဲ့ အဝါနဲ့ အနီ နှစ်ရောင်ပါတဲ့ tulip ပန်းစည်းလေးကို တစ်ချက်ကြည့်လိုက်မိသည်...
Tulip အဝါနဲ့ အနီတွေနဲ့ အားပြိုင်မှုမှာ လက်ရှိဧကရာဇ် အ၀ါကဘဲ ဆက်လက်မင်းမူမလား ။ ဧကရာဇ်ပြောင်းလဲမလားဆိုတာကတော့ ခုံတန်းလျားပေါ် ထိုင်နေတဲ့ ကောင်မလေးအပေါ်သာ မူတည်ပေသည်။ခြေလှမ်းကို ထိုနေရာဆီ ဦးတည်လိုက်သည်။ခုံတန်းတစ်ဖက်ပေါ် ၀င်ထိုင်တော့ earphone ဖြင့် သီချင်းနာထောင်နေရာကနေ လှည့်ကြည့်သည်။
လွမ်းခဲ့ရတာ။
"ယောင်း မင်းအတွက်"
ပန်းစည်းကို သူမရှေ့ ထိုးပေးကာ ပြောလိုက်တော့ Youngကနားက နားကြပ်ကို ဖြုတ်ကာ..
"ဘာပြောလိုက်တာလဲ.."
နားကြပ်တပ်ထားသဖြင့်မကြားလိုက်တာရော သုံးနှစ်တောင် ဝေးကွာခဲ့သဖြင့် ယောင်း က မှတ်မိပုံမရပေ။
"ပန်းတွေယူလာခဲ့တယ် ယောင်း"
ယောင်း ဆိုတဲ့ နာမ်စားနောက်မှာ ထိုကောင်မလေးက အဲ့သြ သွားသယောင်ရှိသည်...
"သုံးနှစ်တောင် ကြာခဲ့ပြီ ငါ့ကိုမှတ်မိသေးရဲ့လား ယောင်း"
နောက်စကားတစ်ခွန်းနောက်မှာတော့ ထိုကောင်မလေးမျက်လုံးတွေက အံ့ဩမှုနဲ့ ဝေခွဲမရမှုဆီကနေ ပျော်ရွှင်မှုဆီသို့ ပြောင်းလဲသွားသည်။
"ယွန်း...."
လည်ပင်းကို သိုင်းဖက်ခံလိုက်ရတော့ သုံးနှစ်တာ ဝေးကွာခဲ့တဲ့ ကိုယ်သင်းနံ့လေးကြောင့် ပြုံးလိုက်မိပါသေးသည်။
"Tulip အဝါတွေ အတိုင်းဘဲ နင့်အပြုံးတွေက"
"သုံးနှစ်ကြာပြီး ပြန်တွေ့တဲ့အချိန် နင့်ပထမဆုံးပြောတာက ပန်းအကြောင်းဘဲလား"